A Forgotten Love-9

Start from the beginning
                                    

"စောက်လုပ်မဟုတ်တာတွေကို တကူးတက
ဖုန်းဆက်ပြီးမပြောနဲ့။ထီးမရှိရင် ဝယ်ပြီးပြန်ခဲ့၊
ကားပါမသွားရင် ကားငှားလာခဲ့ပေါ့ကွာ။
ထီးလည်းမဝယ် ချင်၊ကားလည်း မငှားချင်ဘူး..
ငါ့ကိုလာကြိုစေချင် တယ်ဆိုရင်..လမ်းသာ
လျှောက်ပြီး ပြန်လာခဲ့။မိုးမိလို့ မင်း သေမသွား
နိုင်ဘူး။ငါလာမှာကို လင်မျှော်သလို မျှော်မနေနဲ့"

သုံးနှစ်တာကုန်ဆုံးလာပြီးသည့် သည်နောက်ပိုင်းတွေမှာမှ ဟယ်ရီ့အပေါ်  ပိုင်စိုးကနူးညံ့လာခဲ့ခြင်း။
အတိတ်နှင့်ပစ္စုပ္ပန်အား နေရာတကာလိုက်ယှဉ်တွဲမနေချင်ပေမင့် ဟယ်ရီ ရခဲ့သည့် စိတ်ဒဏ်ရာ၊ခံစားချက်များက နည်းပင်,မနည်းလှချေ။

ဟယ်ရီ့ပခုံးကိုဖက်ထားပြီး ထီးကိုလုံအောင်
ဆောင်းထားပေးနေသည့် ပိုင်စိုးကို ဟယ်ရီ
ခေါင်းအသာစောင်း၍ ကြည့်မိသည်။

အံဝင်ခွင်ကျမဖြစ်သေးတဲ့ ဒီဂရုစိုက်မှုတွေနဲ့
ကျင့်သားရအောင်လို့ ကြိုးစားရဦးမှာပဲ။

"ငါ ဘီယာသောက်ချင်တယ် ပိုင်စိုး"

"ဆိုင်မှာသောက်ချင်တာလား၊အိမ်မှာသောက်
ချင်တာလား၊ကိုယ်ဝယ်တိုက်မယ်"

ပိုင်စိုးက ကားမောင်းနေရင်းမှ ဟယ်ရီ့ကိုပြန်
ဖြေလာသည်။ပိုင်စိုး​၏ အနွေးထည်ကြား
မှာ ဟယ်ရီက မြုပ်နေ​၏။

တကယ်တမ်းတော့ ပိုင်စိုး​၏အနွေးထည်
မဟုတ်ခဲ့ဘဲ ဟယ်ရီ့အတွက် ပိုင်စိုး တကူးတက
ဝင်ဝယ်လာခဲ့သည့် အနွေးထည်ပင်ဖြစ်သည်။
ဟယ်ရီ့ကို သူ,ပြောပြလိမ့်မည်လည်း မဟုတ်။
ခရမ်းနုရောင် အနွေးထည်ပွပွကြီးနဲ့ ဟယ်ရီက ချစ်ဖို့ကောင်းသည်။

"ပိုင်စိုး ငါပြောနေတာကို ကြားလားလို့
ခွေးကောင်လေးရဲ့"

"ဟမ် ဟယ်ရီဘာပြောလိုက်တာလဲ။
မိုးအရမ်းရွာနေတော့ ကားမောင်းတဲ့ထဲကိုပဲ
အာရုံစိုက်ထားလိုက်မိလို့"

"ဆိုင်မှာပဲ သောက်ချင်တယ်လို့ပြောနေတာ
ကြီးကို။သုံးလေးခါလောက်ပြောနေရတာ
မောတယ်ကွာ"

ဟယ်ရီက စိတ်ဆိုးဟန်ဖြင့် ကားတံခါးဘက်
သို့ လှည့်သွားပြန်သည်။မှန်တံခါးကို ချပြီး
မိုးရေကို လက်ဖြင့်ခံနေသည့် ဟယ်ရီ့ကြောင့်
ပိုင်စိုးအော်လိုက်မိသေးသည်။မိုးရေတွေက
လည်း ဟယ်ရီ့မျက်နှာကို လာစင်နေပြီး အင်္ကျီ
ကိုလည်း စိုစပြုနေပြီမို့ ဖျားသွားမှာကို ပိုင်စိုး
စိုးရိမ်သည်။

A Forgotten Love[Completed]Where stories live. Discover now