A Forgotten Love-7

Start from the beginning
                                    

"ရွံစရာလေသံနဲ့ လာမပြောနဲ့။မင်းက ဘာကို
ညှိုနှိုင်းချင်တာလဲ ပြောစမ်းပါဦး"

"အဲ့တာကို ပျံ့မသွားစေချင်ရင် ခင်ဗျားက
သူ့ကို လမ်းခွဲပစ်လိုက်"

အံကြိတ်လိုက်မိတာကြောင့် ပိုင်စိုး မေးရိုးတွေ
ထင်းခနဲဖြစ်သွားသည်။နားထောင်နေရင်း
ဟယ်ရီ့အပြောတွေကြောင့် ကျေနပ်နေရပေမင့်
ရိပ်သစ်ရဲ့ လမ်းခွဲပစ်လိုက်ဆိုသည့် စကားတစ်ခွန်း
မှာတင် ပိုင်စိုးအား ဒေါသထွက်စေခဲ့ရတော့​၏။

Hoodieအိတ်ကပ်နှစ်ဖက်ထဲသို့ လက်ထည့်ထား
ခဲ့တာကြောင့် အကြောစိမ်းတွေထောင်မတ်နေ
မည့် လက်သီးဆုပ် တင်းတင်းတို့ကိုတော့မြင်ရ
လိမ့်မည် မဟုတ်ချေ။ခဏတော့ တိတ်ဆိတ်ပြီး
နောက်မှာ ဟယ်ရီ့ဆီမှ ရယ်သံတို့ ထွက်လာ​၏။ရိပ်သစ်လည်း ကြောင်သွားသလို၊ပိုင်စိုးကိုလည်းပြုံးစေနိုင်ခဲ့သည်။

"ကလေးဆန်လိုက်တာ။ဒါနဲ့ ငါ့အသက်က
နှစ်ဆယ့်နဲ့ခုနစ်နှစ်ကွ သိလား။ငါက ညှိနှိုင်း
မယ်ဆိုတော့ ဘာများလဲလို့။လူတင် ပေါပေါပဲပဲ
ဖြစ်နေတာမဟုတ်ဘဲ၊အတွေးအခေါ်တွေကပါ
ပေါကားဆန်နေတာပဲ ဟား..ရယ်ရလွန်းလို့
မောတောင်မောတယ်"

"ဟယ်ရီ! ခင်ဗျား.."

ဟယ်ရီ့ရဲ့တုံ့ပြန်မှုတွေကြောင့် ရိပ်သစ်အတော်
လေးပင် အကျပ်ရိုက်သွားစေခဲ့ပုံပင်။
ရိပ်သစ်​၏မျက်လုံးများက,ကစားနေပြီး
လက်သည်းတွေကိုကိုက်ဖဲ့နေသည်။မျက်ကွင်း
နှစ်ဖက်က အတော်အတန်ကို ညိုနေပြီး မေးရိုး
တွေကျကာ ပိန်နေသေးသည်။ရက်ပိုင်းလေး
အတွင်းမှာကိုပဲ ရိပ်သစ်ပုံစံက ဆေးစွဲနေသူနှင့်
ပင် ပိုပိုတူလာ​၏။

"ဪ မင်းကပဲ ငါ့ကိုတွေ့ဖို့ချိန်းပြီး၊ငါကပဲ
မင်းကို ပြန်ခြိမ်းခြောက်နေရသလိုဖြစ်နေပြီ။
လူတစ်ယောက်ကိုတောင် ဘယ်လိုပြန်ပြောရ
မလဲဆိုတာ မသိဘူးလား။ဒီမယ် ကောင်လေး..
မင်းအသက် ဆယ့်ကိုးနှစ်ဆိုတဲ့အရွယ်က အတော်လေးငယ်သေးတယ်။မင်းဘဝကို
မင်းကိုယ်တိုင်ပဲပုံဖော်ရမှာ။အခုချိန်ထဲက
လမ်းလွဲသွားရင်တော့ မင်းဘဝကြီးက
ဇောက်ထိုးတွေဖြစ်ပြီး စုတ်ပြတ်ကုန်လိမ့်မယ်။
ပြီးတော့ မင်းကိုယ်မင်း တန်ဖိုးထား"

A Forgotten Love[Completed]Where stories live. Discover now