Chapter(8) - မြက်ညွှန့်လေး

Start from the beginning
                                    

သူကလူတွေဘယ်လိုမမြင်အောင်ရှောင်ရမလဲဆိုတာနဲ့အဓိကအားဖြင့်တပည့်ငယ်လေးတွေသူ့ကိုရှာဖွေတွေ့ရှိပြီးလိုက်ဖမ်းတာကနေကာကွယ်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းသိတယ်

တပည့်ငယ်လေးတစ်ချို့ရှေ့မှာရှိနေတာကိုရှန်ကျစ်ရှန်းတွေ့တော့မတတ်သာပဲရပ်လိုက်ရသည်။သူကတပည့်ငယ်လေးတွေရဲ့ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်မှုကိုအလျင်အမြန်လက်ခံလိုက်ပေမယ့်အဲ့ဒီအချိန်မှာမြက်ညွှန့်လေးကထောင့်တစ်နေရာကနေထွက်သွားပြီဖြစ်သည်။

သူ့အနေနဲ့လမ်းကြောင်းကိုရှာဖို့ကလွဲရင်ရွေးချယ်စရာမရှိတော့ဘူးလေ။ပြီးနောက်မှာတော့လျှောက်ရင်းလျှောက်ရင်းနဲ့ဒီလမ်းကရင်းနှီးနေတယ်ဆိုတာနားလည်လိုက်ရသည်။

ဒါကရန်ကျင်းရဲ့အိမ်နဲ့နီးတဲ့လမ်းမဟုတ်ဘူးလား?

ပဉ္စမအကြီးအကဲတစ်ယောက်အနေနဲ့ရှန်ကျစ်ရှန်းမှာကိုယ်ပိုင်တောင်ရှိသည်။သူကထိပ်ဆုံးမှာနေပြီးသူ့ကိုယ်ပိုင်တပည့်များကနောက်မှလိုက်သည်။သာမာန်တပည့်များကတော့တောင်ခြေမှာနေရ၏။

ထိုကိုယ့်ဘာသာကိုယ်လေ့လာကြတဲ့သာမာန်တပည့်တွေကရှန်ကျစ်ရှန်းဆိုတဲ့နာမည်ကိုကိုးကွယ်လေးစားကြပြီးသူ့ရဲ့ကိုယ်တိုင်ညွှန်ကြားပြသပေးခြင်းကိုရရှိရန်လိုလားကြသည်။ဒါပေမဲ့လည်းအမှန်မှာတော့သူတို့ကနာမည်ခံတပည့်များသာ...အထူးလေ့ကျင့်မှုတွေညွှန်ကြားပြသခြင်းတွေမရှိပဲအတူတူလေ့ကျင့်သင်ကြားကြရသည်။သူတို့ကများသောအားဖြင့်အိမ်ရဲ့ဝေယျာဝစ္စများကိုလည်းကူညီလုပ်ကိုင်ပေးကြရသေးသည်။ချင်းယွင်ဂိုဏ်းမှာတပည့်များကကိုယ့်ကိုယ်ပိုင်လိုအပ်ချက်များကိုကိုယ့်ဘာသာကိုဂရုစိုက်ကြရသည်။

တုန်ခါနေတဲ့ရေသံတစ်ခုကိုရှန်ကျစ်ရှန်းကြားလိုက်ရပြီးအဲ့ဒါကတပည့်တစ်ယောက်ယောက်ရေပုံးဆွဲနေလို့ဆိုတာကိုနားလည်လိုက်သည်။

ရှန်ကျစ်ရှန်းကသိပ်ပြီးမစဉ်းစားမိပေ။သူကကွေ့ကိုချိုးဝင်လိုက်ပြီးမျက်လုံးကိုမော့ကြည့်လိုက်တဲ့အခါမှာတော့အေးခဲသွားရသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now