Chapter(8) - မြက်ညွှန့်လေး

Start from the beginning
                                    

အဲ့ဒီနေ့ကတွေးတောဆင်ခြင်တောင်စွန်းမှာသူမှော်စာလုံးတစ်ချို့ရွတ်ပြီးထားခဲ့တဲ့မြက်ညွှန့်လေးကဒီလိုကြီးမားတဲ့အစွမ်းရှိလာမယ်လို့မထင်ထားခဲ့မိဘူး။တောင်စွန်းမှာအေးခဲပြီးသေသွားရမယ့်အစားသူ့ကိုရှာဖို့ပြေးလာပြီးထွက်သွားဖို့ငြင်းဆန်နေရတယ်လို့ 

ဘာလို့များမြက်ညွှန့်လည်း?အဲ့ဒီအချိန်တုန်းကပျက်စီးလွယ်တဲ့ရွက်ကြွေများအပြင်ကိုရှန်ကျစ်ရှန်းကမြက်ညွှန့်လေးကိုပဲထိန်းချုပ်လို့်ရနိုင်ခဲ့တာကြောင့်လေ

သူစာဖတ်ရင်းလေ့လာရင်းလုပ်နေရင်းဖြင့်ရုတ်တရက်အပြင်ဘက်မှာဘာသံမှမကြားရတော့တာကိုသတိပြုမိသွားသည်။

အဲ့ဒီမြက်ညွှန့်ပေါက်လေးကအရမ်းကိုမှော်ဆန်ပြီးထူးဆန်းတဲ့အသံအကုန်လုပ်တတ်တယ်..သူသာအိပ်မနေဘူးဆိုရင်ဆူညံသံပေါင်းစုံကိုဖန်တီးနေတတ်တာ...ဘာဖြစ်လို့အခုအရမ်းတိတ်ဆိတ်သွားပါလိမ့်? 

ဒီကရွှံမြေကတောင်မှဝိဉာဏ်စွမ်းအင်ကြွယ်ဝတယ်..ဒီလိုနေရာမျိုးမှာစိုက်လို့ဘာထိခိုက်မှုမှရှိမှာမဟုတ်ဘူး...အဲ့ဒီအကောင်ပေါက်လေးကရုန်းရင်းကန်ရင်းသူ့ကိုသူထိခိုက်အောင်လုပ်လိုက်မိလို့များလား?

ရှန်ကျစ်ရှန်းအနည်းငယ်စိတ်ပူမိသွားသည်။သူကပေလိပ်ကိုအောက်ချလိုက်ပြီးတံခါးနားကိုတိတ်တဆိတ်ချဉ်းကပ်သွားကာစစ်ဆေးလိုက်သည်။ထိုအချိန်မှာပဲမြက်ညွှန့်လေးကသူ့ရဲ့နောက်ဆုံးအမြစ်လေးကိုဆွဲထုတ်နေသည်ကိုမြင်လိုက်ရသည်။သူကတစ်ဖက်သို့လှည့်လာပြီးရှန်ကျစ်ရှန်းကိုဒေါသတကြီးပြန်ကြည့်သည်။

ပြီးနောက်သူ့ဘယ်ဘက်သစ်ရွက်လက်လေးကိုဆန့်ထုတ်လိုက်ရင်းရုတ်တရက်လေပြေနဲ့အတူမျောလွင့်သွားလိုက်၏။ရှန်ကျစ်ရှန်းမှာထိတ်လန့်မိသွားပြီးတစ်ခြားသူတွေမြင်သွားမှာမလိုလားတာကြောင့်သူ့နှုတ်ခမ်းကိုကိုက်၍နောက်ကအော်ခေါ်ရင်းလိုက်သွားသည်။

"မြက်ညွှန့်လေး!"

မြက်ညွှန့်လေးကတကယ့်ကိုဒေါသထွက်နေတာပင်။သူ့ရဲ့သစ်ရွက်သေးသေးလေးတွေနဲ့အမြစ်သေးသေးလေးကိုမှီခိုပြီးလေနဲ့အတူမြန်သထက်မြန်အောင်ပျံပြေးနေလေတယ်....

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now