Chapter(8) - မြက်ညွှန့်လေး

Start from the beginning
                                    

"ငါသွားလေ့ကျင့်လိုက်ဦးမယ်,မင်းကိုထွက်လာခွင့်မပြုဘူး"

"ခရစ်၊ခရစ်၊ခရစ်!" မြက်ညွှန့်လေးကသူ့ကိုစာကလေးပေါက်စနဲ့နှိုင်းယှဉ်တာအားမကြိုက်တာဖြစ်ကောင်းဖြစ်မည်ချက်ချင်းသူ့အသံကိုပြောင်းလဲလိုက်ပြီးကြွေပုလင်းထဲမှာထွန့်ထွန့်လူးနေသည်မှာကြွေပုလင်းကအက်ကွဲရာတစ်ကြောင်းပေါ်လာပြီးအပိုင်းပိုင်းအစစကွဲကြေသွားသည်အထိပင်။

လွတ်လပ်မှုကိုပြန်ရပြီးနောက်မြက်ညွှန့်ပိစိကပျော်ရွှင်ရွှင်လန်းစွာနဲ့သူ့အမြစ်သေးသေးလေးကိုလှုပ်ရမ်းရင်းရှန်ကျစ်ရှန်းရဲ့အင်္ကျီအားဆုပ်ကိုင်ကာလှုပ်ရှားလိုက်တိုင်းယိမ်းနွဲ့နေသည့်သူ့ရဲ့နူးညံ့ရှည်လျားပြီးပျော့ပြောင်းသည့်ဆံပင်ထဲတိုးဝင်သွားသည်။

ရှန်ကျစ်ရှန်း: "..."

သူကအမူအယာမဲ့စွာနဲ့ထိုမြက်ညွှန့်ပိစိအားကောက်ကိုင်လိုက်ပြီးအမူအယာမဲ့စွာပဲတံခါးကိုဖွင့်လိုက်ကာအမူအယာမဲ့စွာနဲ့ပဲတံခါးရှေ့မြေပြင်မှာတွင်းသေးသေးလေးတစ်ခုတူးလိုက်သည်။

သူကထိုမြက်ညွှန့်လေးအားထိုတွင်းထဲချလိုက်ပြီးမြေကြီးနဲ့ဖုန်းလိုက်၏။ဒါ့အပြင်ထိုမြက်ညွှန့်လေးအလွယ်တကူထွက်လာလို့မရအောင်ပါမှော်ဂါထာတစ်ချို့ရွတ်လိုက်သေးသည်။

အားလုံးလုပ်ပြီးနောက်ရှန်ကျစ်ရှန်းကတံခါးကိုပြန်ပိတ်လိုက်ပြီးသူ့အခန်းထဲပြန်ဝင်သွားကာလေ့ကျင့်ဖို့စဉ်းစားလေသည်။အခုတစ်လောသူစာအုပ်တွေအများကြီးရှာတွေ့ထားပြီးအဲ့ဒါတွေကနေတစ်ဆင့်လေးလေးနက်နက်လေ့ကျင့်လို့ရမယ့်အသိပညာတွေရှာဖွေနေသည်။

မြက်ညွှန့်လေးကတော့တွင်းထဲမှာခဏတာရုန်းကန်နေပြီးနောက်မှာသူထွက်လို့မရတာကိုသိသွားသညိ။၎င်းသည်တုန်လှုပ်ချောက်ချားစွာနဲ့သူ့ရုန်းကန်မှုတွေကိုတိုးမြှင့်နေသော်လည်းမအောင်မြင်ပေ။

သူကဒေါသတကြီးအော်ဟစ်နေရင်းသူ့အမြစ်ကိုခက်ခက်ခဲခဲဆွဲထုတ်နေသည်။သူ့အရွက်လေးတွေကလည်းရွံ့တွေပေသလူးနေ၏။

ရှန်ကျစ်ရှန်းသည်အပြင်ဘက်မှထိုမြက်ညွှန့်လေးရဲ့ဒေါသတကြီးပကျိပကျိလုပ်နေသည်ကိုနားထောင်ရင်းအနည်းငယ်ရယ်ချင်မိသလိုအနည်းငယ်ကူကယ်ရာမဲ့စွာလည်းခံစားရသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now