A Forgotten Love-3

Start from the beginning
                                    

"မင်း ဘာကြိုက်တယ်..မကြိုက်ဘူးဆိုတာကို
ငါမမှတ်မိလဲ ဘာဖြစ်လဲ။မင်း ဘာသာကြိုက်တာ
ကို ရွေးစားလို့ရတာပဲလေ။တကူးတကကြီး ငါက
ဂရုစိုက်ပေးနေရမှာလား..အလကားတွေပါကွာ"

ဒီအချက်က မင်းပိုင်စိုးသူအတွက် ပေါ့ရော့မိခဲ့
တဲ့ ဒီအချက်။
ဟယ်ရီ့ရဲ့ ခံစားချက်တွေကို သူမြင်အောင်မှ
မကြည့်နိုင်ခဲ့တာ​။သူသိတာက ဟယ်ရီစကား
ပြန်ပြောလို့ ပျော်တယ်ဆိုတာပဲ။
ဟယ်ရီ့အကြိုက် တွေကို သူမသိသလို၊မမှတ်
ထားပေမဲ့ ဒါကအလကားပါဆိုပြီး သူကသတ်မှတ် ပစ်လိုက်တာမျိုးပါ။အနည်းငယ် လိမ်ညာမှုလေး
တော့ပါပါလိမ့်မယ်။

"အင်း ဟုတ်တယ်၊အလကားတွေ မင်းတစ်ယောက် ထဲ အတွက်ပေါ့"

ဟယ်ရီ နှုတ်ခမ်းလှုပ်ရုံမျှသာ တီးတိုးဆိုချေသည်။
ဒါကိုလည်း ပိုင်စိုးက ဂရုမစိုက်တော့ဘဲ သူ့ဖုန်းကို
သာ အာရုံစိုက်နေပြန်​၏။လက်မနှစ်ဖက်စလုံး
ကိုသုံးပြီး စာရိုက်နေသည်​။သေချာတာတစ်ခုက
သူ့ရဲ့ရည်စားအသစ်ဆီကို ပို့နေတာပင်ဖြစ်နိုင် သည်။ပိုင်စိုး​၏ အာရုံစိုက်မှုတွေကို ဟယ်ရီပြန်
လိုချင်ပါသည်။ဘယ်လိုမျိုးလုပ်ရပါ့မလဲဟု
ကြံရွယ်မိလျှင် စားပွဲပေါ်၌ရှိနေသည့် ပန်းသီးနှင့် ဓားတစ်ချောင်းအား ဟယ်ရီတွေ့ရှိသွားသည်။

"ပိုင်စိုး ပန်းသီးစားချင်လား၊ငါလှီးပေးမယ်"

"အင်း အခွံပါခွာနော်..ငါဒီမှာ မနူးမနပ်လေးနဲ့
စာပို့တိုင်း ကစားနေလို့"

"မင်းဖြစ်နေလို့နော် ပိုင်..မဟုတ်ရင် ရိုက်သတ်
ပစ်လိုက်ပြီ"

ဟယ်ရီ သူ့လက်တွေကို ခုံစောင်းမှာ ဖိကိုင်ထား
မိလိုက်သည်။ဒီစကားက သူ့အရှေ့မှာပြောပြနေ
စရာမှ မလိုတာ။ဟယ်ရီ နှုတ်ခမ်းကိုကိုက်လိုက်
ရင်း ပိုင်စိုးကိုစိုက်ကြည့်နေ​၏။နှုတ်ခမ်းအစွန်း
များက ကော့ညွန့်တက်လာသည်အထိ ဟယ်ရီက
မဲ့တဲ့တဲ့ကလေးရယ်ပြုံးလိုက်သည်။

ထို့နောက် ပန်းသီးနှင့်အတူ ဓားကိုလှမ်းယူလိုက်
ကာ အခွံကို စတင်ခွာရတော့သည်။ပိုင်စိုး​၏
အကြိုက်က ပန်းသီးဆိုလျှင် အခွံပါ ခွာထားပေး
မှ ကြိုက်တာဖြစ်သည်။

A Forgotten Love[Completed]Where stories live. Discover now