Part 12

1.1K 55 0
                                    

ထိုသူရဲ့ချိန်းဆိုတဲ့ လိပ်စာက ကံကောင်းထောက်မစွာဖြင့် ကလောမှာဖြစ်သည်

သူမတို့ ချက်ချင်းပင်
လွိုင်ကော်မှကလောပုံမှန်ပြေးဆွဲတဲ့
ကြားကားစီးရင်းလိုက်သွားခဲ့သည်

လွိုင်ကော်မှ ကလောကို ရောက်တဲ့အချိန်မှာ
ညကအတော်လေးမှောင်နေသဖြင့် နီးစပ်ရာ hotel တစ်ခုမှာဝင်တည်းလိုက်သည်

အခန်းလွတ်တစ်ခုတည်းသာရသောကြောင့်
Mary နဲ့သူရိမ် မျက်နှာပူပူနဲ့ပဲတစ်ခန်းတည်းမှာတည်းဖြစ်သွားခဲ့တယ်

"အနာဂတ်မှာသဲငယ်အိမ်ထောင်ပြုလား"

ရုတ်တရက်မေးလိုက်တဲ့ သူရိမ့် အမေးကို Mary ဘယ်လိုဖြေရမှန်းမသိခဲ့

" ဖြေရခက်ရင်မဖြေပါနဲ့"

သူကကုတင်အောက်မှာလှဲလျောင်းရင်း မျက်နှာကြက်ကမီးလုံးကိုငေးကြည့်နေရင်းပြောတယ်

" သူ့နာမည် လင်းနစ်... လူကောင်းတစ်ယောက်ပါပဲ"

သူအတန်ကြာငြိမ်သွားခဲ့သည်

"သဲငယ်ကိုရောချစ်ရဲ့လား" သူရိမ့်အမေးကြောင့် Mary ရင်ထဲနင့်သွားမိသည်

" ချစ်ပါတယ်"

မေရီဖြေတော့ သူဘာသံမှထွက်မလာခဲ့

သူ ခေါင်းညိတ်ပြနေခဲ့သည် ဟုတော့ မေရီတွေးမိသည်

" အပေါ်တက်အိပ်ပါလား
မေရီတို့မှာ အချိန်သိပ်မရှိတော့ဘူးလေ"

Maryကုတင်ပေါ်မှာကျောကိုလှည့်ထားရင်း  မရဲတရဲနဲ့ ခေါ်လိုက်သည်

ခဏနေတော့ စကားတစ်ခွန်းမှမပြောပေမဲ့သူကုတင်ပေါ်ကိုတက်လာတဲ့အသံကိုကြားတယ်

ပြီးတော့ ခပ်နွေးနွေး သူ့လက်အစုံနဲ့ Mary ကို အသာအယာလာဖတ်တယ်

"သိပ်တော့မတရားဘူး"

ဘုတောတောပြီးပြောတဲ့ သူ့အသံကြောင့် Mary နည်းနည်းတော့ရယ်ချင်မိသည်

" ကိုကရော မိန်းမတွေနဲ့မပတ်သတ်ပဲနေခဲ့တာလား"
ကျောပေးထားရာမှသူ့ဘက်ကိုလှည့်လိုက်တယ်

The Old Me & YouWhere stories live. Discover now