Part 7

1.3K 66 0
                                    

နေရောင်ခြည်က ပြတင်းတံခါးမှတဆင့် အိပ်ရာပေါ်ကိုဖြာကျလာသည်

အိပ်ရာအတွင်းမှာအတန်ကြာလူးလွန့်ပြီးMary နိုးထလာခဲ့သည်

ထူးထူးဆန်းဆန်းသူမရောက်နေတဲ့နေရာကဆေးရုံမဟုတ်တာကိုသတိပြုမိသွားသည်

သူမခန္ဓာကိုယ်မှာလည်း ဘာဝေဒနာမှမရှိ

အခန်းတစ်ခန်းထဲသူမရောက်နေသည်

ဒီအခန်းကိုသူမရင်းရင်းနှီးနှီးမြင်ဖူးနေသည်

အထူးသဖြင့် ပြတင်းပေါက်မှလှမ်းကြည့်လိုက်ရင်မြင်ရတဲ့ မြင်ကွင်းတွေကသူမနဲ့အတော်လေးရင်းနှီးလှသည်

ကားလမ်းမရယ် လမ်းဘေးကစုဘူးနဲ့တူတဲ့အိမ်လေးတွေရယ်
ခပ်လှမ်းလှမ်းကယာခင်းတွေရယ်....တောင်တန်းတွေရယ်

ဘုရားရေ
ငါဖယ်ခုံကိုရောက်နေတာပဲ

နောက်ဆုံးသူမမှတ်မိခဲ့တဲ့အရာကလင်းနစ်နဲ့သူ ဆီဘူးမရောက်ခင်လမ်းမှာ accident ဖြစ်ခဲ့တယ်ဆိုတာပဲ

လင်းနစ်ရော... လင်းနစ်ဘယ်မှာလဲ
ခပ်တိုးတိုးရေရွတ်ရင်း

သူမအိမ်အပေါ်ထပ်မအမောတကော ဆင်းသွားခဲ့သည်

အမေက သူမကို မထူးဆန်းသလိုကြည့်ရင်း လက်ဖက်ခြောက်ထုတ်တွေစီနေသည်

ထူးထူးခြားခြားအမေကပုံမှန်ထက် နုပျိုနေတာကိုတော့သတိပြုမိသည်

" အမေ လင်းနစ်ရော  သူဘယ်မှာလဲ"

သူမအမေးကြောင့်အမေက အထူးအဆန်းနဲ့ပြန်ငေးကြည့်သည်

" ဘယ်ကလင်းနစ်လဲ"

Mary အတော်လေးစိတ်ရှုပ်သွားခဲ့သည်

" သမီးယောကျာ်းလေ အမေရယ်"

Mary အပြောကြောင့် အမေရော မလှမ်းမကမ်းမှာအလုပ်ရှုပ်နေသောကိုကြီးပါ ထရယ်ကြသည်

" ဘာတွေစိတ်ကူးယဉ်နေတာလဲ မခင်နန်းကြည် "

သူ့မ အမေစကားကြောင့် Mary အတော်လေး ဒေါသထွက်သွားသည်

"မျက်နှာလေးဘာလေးလည်းသွားသစ်ဦး"

သူမစိတ်ညစ်ညစ်နဲ့ အိပ်ကပ်ထဲလက်နှိုက်ရင်းသူမဖုန်းကိုရှာကြည့်မိသည်

The Old Me & YouWhere stories live. Discover now