Part 9

1.1K 59 0
                                    

ကျွန်တော်သာ သူမလောက်သာသတ္တိရှိခဲ့မယ်ဆိုရင်

ကျွန်တော်သာသူမကိုနားလည်ပေးခဲ့မယ်ဆိုရင်

အဲ့ဒီ့နေ့ကလိုဖြစ်ရပ်ဆိုးမျိုးကြုံတွေ့ရမှာမဟုတ်ဘူး

ကျွန်တော်အခုလိုလည်းရင်ကွဲရမှာမဟုတ်ဘူး

မျက်လုံးထဲကဝေ့တက်လာတဲ့မျက်ရည်တွေကတဆင့်ကျွန်တော်သိပ်မြတ်နိုးဖူးတဲ့အမျိုးသမီးလေးရဲ့မျက်နှာကိုမြင်ယောင်မိတယ်

အဲ့ဒီ့အချိန်ကအရာရာဟာအနှေးရုပ်ရှင်ပြကွက်တွေလိုမြင်ယောင်ပြီး
ကျွန်တော့နားထဲဘာသံမှမကြားလောက်အောင်ပူထူနေခဲ့သည်

ကျွန်တော်ဟာ Mary နဲ့ဘယ်လိုမှမထိုက်တန်တဲ့လူပါ

ဒါပေမဲ့လည်းလေ

အချစ်ဆိုတာထိန်းချုပ်လို့မှမရတာ

သူမနဲ့စတွေ့တဲ့နေ့က ဧည့်သည်တစ်ယောက်ကိုလိုက်ပို့ရင်း
လက်ဖက်ခြောက်ဝယ်မယ်ဆိုလို့ ဖယ်ခုံကလက်ဖက်ခြောက်တွေဆိုင်တစ်ဆိုင်ကိုခေါ်လာပေးခဲ့တယ်

အဲ့ဒီ့မှာ ကျွန်တော့ကို မှော်ဆန်ဆန်နဲ့စွဲညို့သွားခဲ့တဲ့ အပြုံးလေးတွေနဲ့

Mary ကိုစတွေ့ခဲ့တာပဲ

မျက်ခုံးမွှေးပါးပါးလေးပေမဲ့
မျက်ဝန်းလဲ့လဲ့လေးတွေရှိတယ်

သူမပါးမို့မို့ကလည်းသွေးကြောစိမ်းလေးတွေမြင်နေရတဲ့ထိ ဥနုနေတယ်

သူရယ်လိုက်ရင် ယုန်သွားလေးနဲ့တကယ်တူတယ်

ဘယ်လိုဘယ်နည်းနဲ့မှ မူယာတွေထုတ်မသုံးပဲ အဲ့ဒီ့ကလေးမကို မြင်မြင်ချင်း ကျွန်တော်ရင်ခုန်မိတယ်

ကျွန်တော့ ငေးစိုက်ပြီးကြည့်နေတာကို သူမမြင်သွားပုံရတယ်

သူမပါးတွေရဲတက်လာတာများချယ်ရီပန်းလေးတစ်ပွင့်လို

အဲ့ဒီ့နေ့ကစပြီးနောက်ပိုင်း

အပတ်တိုင်းနီးပါး သူမရှိတဲ့ဆိုင်ကို ကျွန်တော် မရောက်ရောက်အောင်သွားတယ်

ကျွန်တော်နေတဲ့မြို့နဲ့ သူမရှိတဲ့နေရာက ၂၅ မိုင်လောက်ဝေးပေမဲ့ ကျွန်တော်အပတ်တိုင်းသွားတယ်

The Old Me & YouWhere stories live. Discover now