Part 2

2K 73 2
                                    

"အမျိုးသမီးထုကြီးကိုပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ
ကိုယ့်ဘဝကိုကိုယ်ပဲပိုင်တယ်
ဘယ်သူမှဝင်ရောက်စွက်ဖက်မခံပါနဲ့လို့ပြောချင်ပါတယ်"

ခပ်ပြုံးပြုံးလေး camera ဘက်ကိုကြည့်ပြီး Maryရဲ့ interview ကိုအဆုံးသတ်လိုက်တယ်

အိမ်ထိတကူးတကလာဗျူးတဲ့Interviewer တွေကိုအပြုံးတုတွေနဲ့ခြံဝထိနှုတ်ဆက်ပြီး

စိတ်မောလူမောနဲ့Mary ဝင်လာခဲ့သည်

အပြုံးတုတွေနဲ့မျက်နှာဖုံးကိုခွာချရင်း 

ခါတိုင်းလိုပဲကြုံရာသီချင်းတစ်ပုဒ်ကိုခပ်ကျယ်ကျယ်ဖွင့်ထားလိုက်မိတယ်

​အမြုပ်အပြည့်နဲ့ bath tube ထဲဝင်စိမ်ရင်း

တစ်နေ့တာပင်ပန်းသမျှတွေဖြေဖျောက်ဖို့ စီးကရက်တစ်လိပ်ကိုပါးစပ်မှာခပ်ဖွဖွခဲလိုက်သည်

Mary ရဲ့ခေါင်းကို bathtub အစွန်းမှာအသာအယာတင်ထားရင်း ရှိုက်ဖွာလိုက်တဲ့ ဆေးလိပ်ငွေ့တန်းတွေကိုသူမငေးကြည့်မိနေဆဲမှာ

သီချင်းမှာပါတဲ့ မြေနီလမ်းလေးဆိုတဲ့စာသားကြောင့်

ရုတ်တရက်ဆိုသလို

သူမရဲ့ငယ်ဘဝကို အမှတ်ရသွားမိသည်

သူမတို့မြို့ဟာ မြေနီလမ်းတွေပေါတယ်

ပြောင်းဖူးတွေသိပ်ပေါတယ်

သိပ်လှတဲ့ မိုးဗြဲအင်းကြီးရှိတယ်

သိပ်ကိုထူးဆန်းတဲ့ရှေးဘုရားတွေရှိတယ်

ရာသီဥတုကအေးခဲနေတာမျိုးမဟုတ်ပဲ
ခပ်စိမ့်စိမ့်လေထုရယ် ခပ်နွေးနွေးနေရောင်ခြည်ရယ်ရှိတယ်
ပြောရရင်သိပ်ကိုမျှတတဲ့ရာသီဥတုရှိတာပေါ့

Mary အိမ်ကိုမပြန်ဖြစ်တာကလည်းအတော်လေးကြာခဲ့ပြီ

ရှမ်းကယားနယ်စပ်လို့ခေါ်တဲ့ သူမရဲ့မြို့လေးမှာ တောင်ယာအလုပ်လုပ်ကြတာကလွဲရင်ဘာမှထွေထွေထူးထူးမရှိဘူး

ဒါပေမဲ့ဖယ်ခုံမှာဆိုမှာဆို သူမတို့အိမ်ကချမ်းသာတဲ့ထဲပါတယ်
မိန်းလမ်းမတန်းပေါ်မှာ Mary တို့အမေက လက်ဖက်ခြောက်တွေရောင်းတယ့်ဆိုင်ကြီးဖွင့်ထားတယ်
Mary အဖေကအဲ့ဒီ့ဆိုင်ဘေးမှာပဲစားသောက်ဆိုင်ခပ်ကြီးကြီးတစ်ဆိုင်ဖွင့်ထားတယ်

The Old Me & YouWhere stories live. Discover now