Part 6

1.3K 62 0
                                    

နေရောင်ပျောက်ရင် လမင်းလာတယ်ဆိုပေမဲ့

နေကြာပန်းတစ်ပွင့်အတွက်ကတော့ နေ​ရောင်မရှိရင်ဆက်လက်သေဆုံးနေရဦးမှာပဲလေ

" ရှင်သန်ချင်စိတ်" ဆိုတာလူတစ်ယောက်မှာသိပ်အရေးကြီးတယ်

ဆက်လက်မရှင်သန်နိုင်တာထက်
ရှင်သန်လိုစိတ်မရှိတော့တာပိုဆိုးတယ်မလား

ဒါပေမဲ့လည်းလူတွေကကနေကြာပန်းလေးလိုလွယ်လွယ်ကူကူသေဆုံးခွင့်မရှိတော့
တက်နိုင်သလောက်ကြိုးစားရင်းရှင်သန်ကြရတာပဲလေ

ဒီသဘောတရားအတိုင်းတချို့အရာတွေမှာ လင်းနစ်နဲ့ မေရီနေသားကျလာခဲ့သည်

ပထမဆုံး honey moon ကအပြန် လင်းနစ်က Mary ကို ဖယ်ခုံကိုလိုက်လည်ချင်တဲ့အကြောင်းပြောတယ်

ဘာသဘောနဲ့များMary လုံးဝပြန်မသွားချင်မိတဲ့နေရာကိုမှသူတောင်းဆိုတာလဲမပြောတက်ခဲ့

" Mary မသွားချင်ဘူးလို့ငြင်းလို့ရမလား"

" ဘာဖြစ်လို့လဲ" ပေါ့ပေါ့ပါးပါးမေးလိုက်တဲ့သူ့မေးခွန်းအတွက် Mary မဖြေနိုင်ခဲ့

" နှစ်တွေလည်းကြာခဲ့ပါပြီ Mary ရယ်" သက်ပြင်းတစ်ချက်ချပြီးဖျောင်းဖျcomfortလုပ်ပေးနေပေမဲ့ သူ့မျက်နှာကသိသိသာသာပျက်လျက်

" ok လေ Mary မသွားချင်ရင် ကိုမသွားတော့ပါဘူး"
သူ့ပုံစံကစိတ်လျော့သွားပုံရသည်

" သွားပါ့မယ်" ရုတ်တရက်ပြောချလိုက်သော Mary စကားကြောင့် သူ့မျက်နှာလက်ခနဲဖြစ်သွားခဲ့သည်

ဟုတ်တယ် သွားရမယ် Mary ဒီအကြောက်တရားနဲ့နင်ကျင်မှုတွေကိုရင်ဆိုင်မှဖြစ်မယ် ပြီးရင်ရှေ့ဆက်သွားမယ်

" Mary အဆင်ပြေလို့လား... Mary သဘောပါ အန်တီတို့ကတော့ကို့ကိုဖိတ်ထားတာပဲလေ သူလည်းသူ့သားမတ်ကိုအမျိုးတွေဆီကြွားချင်ရှာမှာပေါ့"
ခပ်မော့မော့မျက်နှာနဲ့ပြောလိုက်တဲ့ လင်းနစ်စကားကြောင့်

Mary ရယ်ချလိုက်မိသည်

" ဟာ လှောင်တာလားဒီကောင်မလေး"

The Old Me & YouWhere stories live. Discover now