""အဆင်ပြေပါတယ် Hyung ရာ..ဒီလိုပဲပေါ့..''
တကယ်လဲ ဒီလိုပါပဲ ဘဝမှာ အရာတခုကို ဆုံး ရှုံးခဲ့ပေမဲ့ အဲ့ဒီအတွက် ထိုင်ပြီး တမြေ့မြေ့ခံစားဝမ်းနည်းပူဆွေးကြေကွဲနေမယ်ဆိုရင် လူဖြစ်ရှုံးမှာပေါ့။ လူဆိုတာ အသက်ရှင်နေသရွေ့တော့ move on လုပ်နိုင်အောင်ကြိုးစားရမှာပဲလေ။ JK ကတော့ ဒီလိုပဲ ခံယူထားလိုက်ပါတယ်။ ဒါပေမဲ့ အကျိုးကြောင်းတိုက်ဆိုင်တိုင်းမှာတော့သူ Tae ကို သတိရနေမယ်ဆိုတာ မငြင်းပါဘူး။
JK, Hoseok နဲ့ ခွက်ချင်းတိုက်ပြီး cheers လုပ်ကာ တခွက်တဖလား သောက်မိကြတယ်။
""ဒါနဲ့ Yuya ah မင်းကို ဟိုမှာ ဧည့်သည်တယောက်လာရှာတယ်..''
"Hmm ဘယ်သူလဲ??'''
""Kim Nam Joon တဲ့..'''
(A/N- ပထမပိုင်း SeokJin နဲ့ လက်ထပ်သွားတဲ့ Nam Joonie က Nam Joon female ver ပါ အခု Kim Nam Joon က male ver ပါ)
"Hmm, Kim Nam Joon?''
JK မျက်လုံးလေးတွေဝိုင်းစက်ရင်း အံ့သြသွားတယ်။ Kim Nam Joon ဆိုတာ သူ့ဆေးရုံမှာ မော်တော်ဆိုင်ကယ်တိုက်မိလို့ ခြေထောက်အရိုးအက်ဒဏ်ရာနဲ့ ဆေးရုံအကြာကြီး.လာတက်သွားတဲ့ patient လူနာ တယောက်ပဲ။ ပြီးတော့ သူ့ကို သူနာပြု Jeon.. သူနာပြု Jeon နဲ့ တော်တော်လေး သဘောကျနေတဲ့ပုံပဲ..
JK အတွေးမဆုံးသေးခင်
"သူနာပြု Jeon..ရှာလိုက်ရတာဗျာ..သူနာပြု Jeon ဒီ bar မှာ သီချင်းဆိုတယ်ဆိုလို့လိုက်လာတာ..''
တကယ်ပဲ တခါတလေ အချစ်က ခက်တယ်။.လိုက်ရင်ပြေးတယ် ပြေးရင်လိုက်တယ်တဲ့..အခုကျတော့လဲ သူ့ကို သဘောကျနေတဲ့သူက သူ့ကိုလိုက်ရှာပြီး သူ့ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတတ်ပြန်ရော
""ကျတော့်ကို Yuya လို့ပဲ ခေါ်ပါ..''
""Ahh nae ကောင်းပါပြီ Yuya ssi..ကျတော်တို့ အေးဆေးသောက်ကြရတာပေါ့နော်..အပြန်ကျရင် ကျတော်လိုက်ပြန်ပို့ပေးလို့ရမလား?''
Nam Joon နဲ့ JK စကားပြောရင်း တော်တော်လေးအဆင်ပြေ
လေပေးလေယူဖြောင့်နေတော့ Hoseok လဲ ပြုံးစိစိနဲ့ မသိမသာရှောင်ထွက်သွားပေးလိုက် တယ်။ သူအလိုက်သိရမယ်လေ
အချစ်ငတ်ခဲ့ရတဲ့ Yuya သို့မဟုတ် Jungkook ဆိုတဲ့ ခလေးငယ်ဘဝမှာ ဒီတခါတော့အချစ်စစ်နဲ့ တွေ့ကြုံဆုံစည်းဖို့ တကယ် ထိုက်တန်ပါတယ်လေ။
JK ဒီတခါတော့ သူ့အတွက် အချစ်ရေးကံကြမ္မာက မျက်နှာသာပေးခဲ့ပါပြီ။
Nam Joon လို ပညာတတ် ဥစ္စာပေါ ရုပ်ချော လူပျိုလူလွတ်တယောက်နဲ့ မြားနတ်မောင်က တဖန်ဆုံဆည်းခွင့်ပေးခဲ့ ပြန်ပြီလေ..
ဘဝမှာရှုံးနိမ့်လဲကျတိုင်း ပြန်ရုန်းထပါ..တနေ့တော့ အခွင့်ရေးအခွင့်လမ်းတွေပေါ်လာဦးမှာပါ။ ဒီလိုပဲ အချစ်မှာလဲ တခါအသဲကွဲဖူးပေမဲ့ သင့်အတွက်ထိုက်တန်စစ်မှန်သူ right person ဆိုတာ မှန်ကန်တဲ့အချိန် right time မှာရောက်လာမှာပါ။
xx
Extra (The End) 💫💫💫
A/N 🍇💜
Extra လေးရေးပေးပါဆိုလို့ HE လေးလဲ ဖြစ်အောင် ဇာတ်လမ်းကိုလဲ မပေါ့အောင်ရေးလိုက်ပါတယ်။ extra ကတော့ တိုသွားတယ်ပေါ့လေ။ လိုအပ်ချို့ယွင်းချက်လေးတွေရှိသွားရင် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်
ဇာတ်လမ်းအရ ပေးချင်တဲ့ msg က တခါတလေ အချစ်ဆိုတာကို အတင်းလုပ်ယူလို့မရသလို ကိုယ့်အတွက်တခါ အသဲကွဲဖူးပေမဲ့ ကိုယ့်ကို ချစ်တဲ့သူ ကိုယ်နဲ့ထိုက်တန်တဲ့ right person ဆိုတာရှိလာတတ်စမြဲဆိုတဲ့ msg ကိုပေးချင်တာပါ။ ဒီ fic အရ JK က Nam Joon နဲ့ အဆင်ပြေပြီး နောက်ပိုင်း ညားသွားမယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းလေးကို fic ပုံစံထက် movie scene လေးလိုရေးလိုက်တာ နားလည်ပေးကြမယ်လို့ ထင်ပါတယ်။
Di Diလေ တကယ်ပဲ fic ပြန်ရေးပေမဲ့ ရေးရတာ mood ဝင်တချက်မဝင်တချက်နဲ့ ဖြစ်နေပါတယ်။ ဒါကြောင့် အကယ်၍ နောက်တကြိမ် fic ထပ်ရေးဖြစ်မယ်ဆိုရင်တော့ ဒီထက်အချိန် နဲနဲ ထပ်ယူဖို့လိုဦးမယ်ထင်ပါတယ်နော်
DiDi 🍇💜
YOU ARE READING
ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}
FanfictionTaeKook // Vmin Kim Tae Hyung & Jeon Jungkook Kim Tae Hyung & Park Jimin
Extra Chapter 💫
Start from the beginning
