Chapter 1💫

1.7K 53 3
                                        

#(Uni)

"Tae Hyung ah သူ့နာမည်က Yuya တဲ့''

"အမ်..ဘယ်သူ..??''

""Yuya''

""မကြားရဘူး သီချင်းသံတွေအရမ်းဆူနေတယ်''

Tae နားတဖက်ကိုပိတ်ရင်းပြန်ပြောမိတယ်။
အရေးထဲနော်, ဒီလောက်တောင်
ဆူညံပွက်လောရိုက်နေတဲ့ EDM music ကျယ်ကျယ်လောင်လောင်ကြားထဲမှာ သတို့သားလောင်း Kim Seok Jin က သူ့ကို လူတယောက်နဲ့ မိတ်ဆက်ပေးနေသေးတယ်။
Jin Hyung မိတ်ဆက်ပေးတဲ့တယောက်ကို Tae Hyung တခါမှ မမြင်ဖူးသေး ကြည့်ရတာတော့သူတို့နဲ့ ရွယ်တူသက်တူ ကောင်လေးပဲ..အလွန်ဆုံးသူတို့ထက်ငယ်လှ တစ်နှစ် နှစ်နှစ်ပေါ့။

Tae မူးရုံမက မူးလွန်းနေလို့ မျက်လုံးကိုတောင်အနိုင်နိုင်ဖွင့်နေရရှာတယ်။ ဒီလူ
တွေ သူသောက်မဲ့ အရက်ထဲ ဘာတွေထည့်လိုက်လဲကွာ? သူကလဲ whiskey ကို တပတ်ပြီးတပတ်မော့လိုက် ဆေးလိပ်ထဲ weed လေးလိပ်ရှူလိုက်နဲ့
Tae ကိုယ့်ခြေထောက်ကိုတောင်ကိုယ်ပြန်မခံစားမိလောက်တဲ့အထိ ထုံကျင်နေတာလား? ခံစားမှုကင်းမဲ့နေတာလား?? တခုခုတော့တခုခုပဲ။

""Ting Ting'''

ထိုစဥ်

Ph Msger က တဆင့်ဝင်လာတဲ့ msg လေးတစောင်ကို မျက်လုံးတွေအတင်းပြူးပြဲဖတ်ကြည့်မိတယ်။ ဒါ သူ့အသဲလေး babe ပိစိ Jimin ဆီက msg ပဲ။ ဒီအချိန် msger call သာခေါ်လိုက်လို့ကတော့ ဂွမ်း သွားလောက်တယ်။ သူ ဒီလောက်မူးကွဲနေတာမြင်ရင် babe ပိစိ ရွှေစိတ်တော်ညိုနေမှဖြင့်

Babe ပိစိ 🐥 : ""Tae Hyung ah အရက်တွေအရမ်းစွတ်သောက်ပြီး မူးနေပြီလား Hotel ကို တည့်တည့်မတ်မတ်ပြန်နော်'''

Me: "အင်းပါ babe ကိုယ်မကြာခင်ပြန်တော့မှာ''

Jimin စာကို သူ မနဲ typing ရိုက် replyပြန် ပြီး ph ကို ဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်တယ်။

""ရော့..'''

Jin Hyung လှမ်းပေးတဲ့ စီးကရက်ကို ခပ်ပြင်းပြင်းလေး ဖွာရှိုက်လိုက်တော့..အာပါး သူနတ်ပြည်ရောက်သွားသလိုပဲ ကောင်းလိုက်တာ။

"Cheers ကမ်းပေ့ ကွာ! ဒီနေ့ ငါ့ရဲ့လူပျို နောက်ဆုံးည..မနက်ဖြန်ဆို ငါမိန်းမရတော့မယ်ကွ.woo hoo ငါအိမ်ထောင်သည်ဖြစ်တော့မယ်..haha.''

ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}Where stories live. Discover now