#(Uni)
Yuya ဆိုတဲ့ကောင်က Jin Hyung တို့ Wedding မှာလဲ တချိန်လုံးသူ့အနားမှာ လိုက်ကပ်နေလို့ Hoseok Hyung တို့တောင်မေးနေကြပြီ
"မင်းတို့ ည က ဘာဖြစ်ခဲ့ကြလို့လဲ?'' တဲ့
""အာ..ဘာဖြစ်ရမှာလဲ?ဘာမှ မဖြစ်ပါဘူး ဒီအတိုင်း သူက ညတုန်းက ကျတော်အရမ်းမူးနေလို့ hotel လိုက်ပြန်ပို့ပေးတာ..အဲ့ဒါပဲ''
Tae Hyung မျက်နှာပူစွာနဲ့ပဲ ပေါ်တင်ကြီးငြင်းရတော့တာပဲ။ မတတ်နိုင်ဘူးလေ
Hoseok က မယုံချင်ယုံချင် ခေါင်းညိတ်ပြရင်း Tae နားနားတိုးတိုးလေးကပ်ပြောကာ သတိပေးပြန်တယ်
""Tae Hyung ah မင်းလဲမကြာခင် Jimin နဲ့တရားဝင်လက်ထပ်တော့မှာပဲ အပျော်ကြောင့်တော့အပျက်မဖြစ်စေချင်ဘူးကွာ..သတိထားပေါ့''
Hoseok hyung စကားကြောင့် Tae တွေဝေသွားမိတယ်။ သူသိပါတယ် သူ့အသိုင်းဝိုင်းက မိတ်ဆွေတွေ ရင်းနှီးလွန်းတဲ့ သူငယ်ချင်းတွေက သူ့ကို Jimin နဲ့ပဲ သဘောတူကြတယ်ဆိုတာ။ Jimin နဲ့ Tae ကလဲ မိဘချင်းကလဲ အဆင်ပြေပြီးသား၊ ဥစ္စာဂုဏ်ဓနချင်းကလဲ ကြွယ်ဝချမ်းသာမှုချင်း အတူတူဆိုတော့ ရွှေရွှေချင်းထပ်မြတ်တဲ့ နေနဲ့လ ရွှေနဲ့မြလိုပါပဲ။ ဒါကြောင့် သူတို့အသိုင်းဝိုင်းမှာတော့သူတို့က idol couple ပဲ။
ဒါနဲ့ Tae သိချင်လာမိတာက...
Yuya သို့မဟုတ် Jeon Jungkook ဆိုတာ ဘယ်လိုလူစားမျိုးလဲ?? ဘယ်လို လူစားမျိုးသာမသိတာ သူတို့နှစ်ယောက်က အခုချိန် တရားဝင် လင်မယား အဲ..လင်လင်တွေဖြစ်နေပြီးကြပြီ။
ညဖက် Dinner party ရောက်တော့ အားလုံးက Hotel မြက်ခင်းပြင်မှာ
အရက်တွေ ရှန်ပိန်တွေ အကြိုက်သောက်ပြီး dancing area မှာ တပျော်တပါးကြီး ကခုန်ရင်း အမုန်းကဲနေကြပေမဲ့ Tae မှာတော့ နောက်ဆံတင်းလှတယ်။
Tae.. ဘေးဘီဝဲယာကို အကဲခတ်ကြည့်မိတယ်။ သူ့အနားမှာ တောက်တဲ့လိုအတင်းတွယ်ကပ်နေတဲ့ Yuya ဆိုတဲ့ကောင် ဟိုဖက်ဝိုင်းမှာ တခြားသူ့မိတ်ဆွေတွေနဲ့ အရက်သောက်ရင်းစကားကောင်းနေတာတွေ့မှ...
Tae သီချင်းသံတွေနဲနဲကွယ်တဲ့ သစ်ပင် တစ်ပင်အောက်ဆီလျှောက်လာရင်း သူ့
Babe ပိစိ ဆီ video call ခေါ်လိုက်တယ်
Seoul နဲ့ Las Vegas က ၁၆နာရီကွာပြီး Seoul က တရက်နီးပါးစောတာမို့ အခုချိန် Jimin တို့ Seoul မှာ ညနေ ၃ နာရီလောက်ရှိမယ်
VOCÊ ESTÁ LENDO
ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}
FanficTaeKook // Vmin Kim Tae Hyung & Jeon Jungkook Kim Tae Hyung & Park Jimin
