Chapter 4 💫 (Final)

1.3K 40 8
                                        

#(Uni)

Jungkook ဆေးရုံထဲဝင်လာပြီး locker အဝတ်လဲခန်းထဲမှာ သူ့ရဲ့ သူနာပြု ဝတ်စုံကိုလဲလှယ်လိုက်တယ်။
သူ မနှေးမမြန်လွန်းတဲ့ ခြေလှမ်းတွေနဲ့အတူ တာဝန်ကျရာ ward ထဲကို ဝင်လာခဲ့ပြီးအခြား သူနာပြုတယောက်နဲ့ duty လဲလိုက်တယ်။ ပြီးတော့ counter မှာထိုင်ရင်း စစ်စရာရှိတဲ့ record တွေကို စစ်ပြီးတော့ လူနာ
အခန်းတခန်းဆီကို လျှောက်လာတယ်
သူ ခပ်ယဲ့ယဲ့လေးပြုံးရင်း...

""Omma ဒီနေ့ရော နေကောင်းရဲ့လား?''

ကုတင်ပေါ်မှာ လှဲလှောင်းနေတဲ့ အသက်၅၀ ကျော်အရွယ်အမျိုးသမီးတဦး။ အသက်ရှု oxygen ပိုက်တွေ monitor စက်တွေရဲ့ အကူညီနဲ့ အသက်ကိုဖြေးညှင်းစွာရှူရှိုက်နေပေမဲ့ သတိလုံးဝမရှိတော့..သူမ coma ဝင်နေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သူမ ဘယ်တော့ သတိပြန်ရမလဲဆိုတာမသိပေမဲ့ Jungkook ဘယ်တုန်းကမှ သူမအပေါ် လက်မလျှော့ခဲ့ပါ။ အခု သူကိုယ်တိုင်ဆေးဝန်ထမ်းဖြစ်လာခဲ့တော့လဲ သူ့လုပ်အားခနဲ့တတ်အားသလောက် မိခင်ဖြစ်သူ ကျန်းမာရေးကုန်ကျစရိတ် ကို ဆက်လက်ထောက်ပံ့ကုသပေးနေမိဆဲ။
Jungkook ခေါ် Yuya Yamamoto ရဲ့ ငယ်ဘဝက ဒဏ်ရာမှတ်ဥဏ်တွေနဲ့ချည်းပါပဲ။ မိခင်ဖြစ်သူ ဂျပန်အမျိုးသမီး Ms. Nara Yamamoto က သူ့ဖခင် Mr Jeon နဲ့ အိမ်ထောင်ကျခဲ့ပြီး Korea ကိုယောင်နောက်ဆံထုံးလိုက်ပါခဲ့တယ်။ မိခင် Japan အမျိုးသမီးပေးခဲ့တဲ့ သူ့နာမည် 'Yuya' ရဲ့ Japan လို အဓိပ္ပယ်တခု​က အဆုံးမရှိခြင်းတဲ့..ဒီ အဓိပ္ပယ်ကို သူအရမ်းနှစ်သက်တယ်။ ဒါကြောင့်လဲ JK ဆိုတဲ့ Korean နာမည်ရင်းထက် သူ့မိခင် ပေးခဲ့တဲ့ Yuya ဆိုတဲ့ Japan နာမည်လေးကို ပိုကြိုက်တယ်။

သူ့ ဖခင်က ကုန်ကားမောင်းသူပါ..JK ၁နှစ်သားအရွယ်မှာပဲ ကားအက်ဆီဒင့်နဲ့ကွယ်လွန်သွားခဲ့ပါတယ်။ Japan လူမျိုး မိခင်ဖြစ်သူက Korea မြေမှာ သားတယောက်နဲ့ ပင်ပန်းကြီးစွာကျုံရာလုပ်ကိုင်စားသောက်ရင်း...
တနေ့မှာ ကားတိုက်ခံခဲ့ရတယ်။ သူမကိုတိုက်တဲ့ကားကလဲ တိုက်ပြီးပြေးသွားပေမဲ့နောက်ဆုံးမှာထို ကားမောင်းသူဟာ သူဌေးကြီး Mr Park ဆိုတာသိခဲ့ရပေမဲ့ မီးများမီးနိုင်ရေများရေနိုင်ခေတ်မို့ ချမ်းသာကြွယ်ဝတဲ့ Mr Park ဟာ ဒီအမှုမှာလုံးဝထောင်မကျပဲ လွတ်မြောက်သွားခဲ့တယ်။

ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}Where stories live. Discover now