Extra Chapter 💫

Beginne am Anfang
                                        

"" yarr Yuya Gichanayo? """

Bar ပိုင်ရှင် Hoseok hyung ကအနားရောက်လာပြီး သူ့ပခုံးလေးကို နှစ်သိမ့်သလို ဖက်ရင်းမေးလာတော့ JK ခပ်ယဲ့ယဲ့လေးပြန်ပြုံးရင်း

""အဆင်ပြေပါတယ် Hyung ရာ..ဒီလိုပဲပေါ့..''

တကယ်လဲ ဒီလိုပါပဲ ဘဝမှာ အရာတခုကို ဆုံး ရှုံးခဲ့ပေမဲ့ အဲ့ဒီအတွက် ထိုင်ပြီး တမြေ့မြေ့ခံစားဝမ်းနည်းပူဆွေးကြေကွဲနေမယ်ဆိုရင် လူဖြစ်ရှုံးမှာပေါ့။ လူဆိုတာ အသက်ရှင်နေသရွေ့တော့ move on လုပ်နိုင်အောင်ကြိုးစားရမှာပဲလေ။ JK ကတော့ ဒီလိုပဲ ခံယူထားလိုက်ပါတယ်။ ဒါပေမဲ့ အကျိူးကြောင်းတိုက်ဆိုင်တိုင်းမှာတော့သူ Tae ကို သတိရနေမယ်ဆိုတာ မငြင်းပါဘူး။

JK, Hoseok နဲ့ ခွက်ချင်းတိုက်ပြီး cheers လုပ်ကာ တခွက်တဖလား သောက်မိကြတယ်။

""ဒါနဲ့ Yuya ah မင်းကို ဟိုမှာ ဧည့်သည်တယောက်လာရှာတယ်..''

"Hmm ဘယ်သူလဲ??'''

""Kim Nam Joon တဲ့..'''

(A/N- ပထမပိုင်း SeokJin နဲ့ လက်ထပ်သွားတဲ့ Nam Joonie က Nam Joon female ver ပါ အခု Kim Nam Joon က male ver ပါ)

"Hmm, Kim Nam Joon?''

JK မျက်လုံးလေးတွေဝိုင်းစက်ရင်း အံ့သြသွားတယ်။ Kim Nam Joon ဆိုတာ သူ့ဆေးရုံမှာ မော်တော်ဆိုင်ကယ်တိုက်မိလို့ ခြေထောက်အရိုးအက်ဒဏ်ရာနဲ့ ဆေးရုံအကြာကြီး.လာတက်သွားတဲ့ patient လူနာ တယောက်ပဲ။ ပြီးတော့ သူ့ကို သူနာပြု Jeon.. သူနာပြု Jeon နဲ့ တော်တော်လေး သဘောကျ​နေတဲ့ပုံပဲ..

JK အတွေးမဆုံးသေးခင်

"သူနာပြု Jeon..ရှာလိုက်ရတာဗျာ..သူနာပြု Jeon ဒီ bar မှာ သီချင်းဆိုတယ်ဆိုလို့လိုက်လာတာ..''

တကယ်ပဲ တခါတလေ အချစ်က ခက်တယ်။.လိုက်ရင်ပြေးတယ် ပြေးရင်လိုက်တယ်တဲ့..အခုကျတော့လဲ သူ့ကို သဘောကျနေတဲ့သူက သူ့ကိုလိုက်ရှာပြီး သူ့ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတတ်ပြန်ရော

""ကျတော့်ကို Yuya လို့ပဲ ခေါ်ပါ..''

""Ahh nae ကောင်းပါပြီ Yuya ssi..ကျတော်တို့ အေးဆေးသောက်ကြရတာပေါ့နော်..အပြန်ကျရင် ကျတော်လိုက်ပြန်ပို့ပေးလို့ရမလား?''

ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}Wo Geschichten leben. Entdecke jetzt