Chapter 4 💫 (Final)

Start from the beginning
                                        

သူ့မိခင် ကို ဒီဘဝရောက်အောင်လုပ်ခဲ့တဲ့ Park မိသားစုကို ဒီနည်းနဲ့ အနိုင်ယူရမလား?? ဒါပေမဲ့ ကိုကို ကသူ့ကို ချစ်မှ မချစ်တာ...မချစ်ရတဲ့အထဲ မုန်းသွားရင်...JK ဆက်မတွေးချင်တော့ပါ။ ကိုကို မချစ်ရင်နေပါစေ ကိုကို့ အမုန်းတွေကိုတော့မခံစားရဲ...

Jimin ခုနက bar မှာပြောသွားတဲ့စကားက သူ့နားထဲလဲ ပဲ့တင်ထပ်နေဆဲပဲ။

""တကယ်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ပိုင်ဆိုင်ခွင့်ရမှ မဟုတ်ဘူး ကိုယ်ချစ်တဲ့သူ ပျော်ရွှင်ကျေနပ်မယ်ဆိုရင်လဲ စွန့်လွှတ်ရဲရတယ်..''' တဲ့။ ဒါဆို သူ့အချစ်ကမှားယွင်းနေခဲ့လေသလား...သူမတရားတဲ့နည်းနဲ့ Tae ကို အငိုက်ဖမ်းပြီး အပိုင်ယူခဲ့တာကို သူလိပ်ပြာလုံပြီးပျော်ရွှင်နေသင့်လား?? ဒါဆို Tae အတွက်ဘယ်တရားပါ့မလဲ??
JK မျက်ဝန်းက မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလာတာ..သူ့မိခင်ရဲ့ လက်ခုံပေါ်ကိုတောင်သူ့မျက်ရည်တွေစိုစွတ်သွားတော့

""Hmm...Omma..Omma'''

သူ့မိခင် Nara Yamamoto မျက်တောင်တချက်ခတ်လိုက်တာကို တွေ့လိုက်ရတော့ JK ထခုန်မိမတတ် အံ့သြမှုဝမ်းသာမှုတွေနဲ့ အတူ...ဆက်ပြီးကြောင်ကြည့်နေတုန်း..သူ့မိခင်ရဲ့ လက်လေးတွေ တဖြေး​ဖြေး ပိုမို လှုပ်ရှားလာတာကို အသေချာ မြင်ရတော့..သူ ပျော်ရွှင်မှု မျှော်လင့်ချက်တွေနဲ့အတူ။
....

ဒီလိုနဲ့ JK မိခင် Ms. Nara Yamamoto ဟာ အနှစ်နှစ်ဆယ်နီးပါးမေ့မျောသတိမေ့နေရာကနေပြန်လည်နိုးထလာခဲ့တာ တကယ်ကို ဘုရားပေးတဲ့ဆုလာဘ်ပါပဲ။

.....

မနက်ခင်းတခုမှာ Tae Hyung အထီးကျန်စွာ နိုးထလာခဲ့တယ်။ အိပ်ယာက နိုးတဲ့အခါ အနားမှာ ခါတိုင်းလို ချစ်သူလေး Jimin မရှိတော့ ရင်ထဲဟာတာတာနဲ့ နာကျင်လှပြီ..

ဒီလို အလွမ်းနေ့ရက်ရှည်ကို ခံစားနေရတာ တစ်ပတ်လောက်ရှိနေပါပြီ။ သူနဲ့ JK လက်ထက်တဲ့ အကြောင်းသိတဲ့ အချိန်ကစပြီး အခုထိ Jimin အိမ်ကနေထွက်သွားတာ... သူနဲ့အတူမနေတော့တာ တစ်ပါတ်လောက်ရှိပြီဆိုတဲ့သဘောပေါ့။

""Ting Ting Ting'''

Tae အိပ်မှုံစုံပွား နဲ့ အသံမြည်လာတဲ့ ph ကို ကြည့်လိုက်တော့ caller ID က Yuya (JK)! လာပြန်ပြီ ဒီကျေးဇူးရှင်လေး သူ့ဆီ ph ဆက်ပြီး msg တွေပို့နေတာ တပါတ်လောက်ရှိနေပေမဲ့ Tae အကုန် ignore လုပ်ထားခဲ့မိတယ်။
ဒါပေမဲ့ ဒီနေ့မနက်တော့ စိတ်ကပဲ နှိုးဆော်တာလားမသိ သူ ph ကိုဖြေလိုက်မိတယ်

ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}Where stories live. Discover now