Chapter 4 💫 (Final)

Start from the beginning
                                        

သူ့အဖြစ်က
အချစ်ရှုံးသမားလို့ပဲဆိုပါစေ..တကယ်တော့ အစကတည်းကသူ့ကို ချစ်ဖို့မပြောနဲ့ သတိတောင်မထားမိခဲ့တဲ့ သူကိုမှ တိတ်တခိုးချစ်မိခဲ့တာလဲ ဝဋ်ကြွေးပဲပေါ့။
JK နောက်ဆုံးအကြိမ် Tae မျက်နှာကို တချက်လှမ်း ကြည့်လိုက်ပြီး..နောက်.. နှေးလံတဲ့ ခြေလှမ်းတွေနဲ့ အတူ အဝေးကို တရွေ့ရွေ့ထွက်ခွာသွားတော့ တယ်။ နှင်းမှုန်ဖြူဖြူတွေကြား တကိုယ်ထဲ အထီးကျန်စွာ တရွေ့ရွေ့ပျောက်ကွယ်သွားတဲ့ကောင်လေးကို Tae ဂရုမစိုက်မိပါ။

Tae..Jimin နဲ့ ph ပြောပြီးမှ JK ပြန်သွားတာ သတိထားမိလိုက်တယ်။ Hmm ယုန်မာဖလာအဖြူလေးကျန်ခဲ့တာပါလား
သူ JK ကို လှမ်းခေါ်ဖို့ကြိုးစားပေမဲ့ JK အရိပ်ယောင်တောင်မတွေ့တော့။
မာဖလာလေးကို အသေချာကြည့်မှ

''Yuya လေး အတွက်အမှတ်တရလက်ဆောင်..Tae Hyung, Hyung ''တဲ့..ummm..ဒီစာသားလေးနဲ့ မာဖလာလေးကို အခုမှ Tae သတိရမိသလိုလို။ သူ ဒီမာဖလာလေးကို သူငယ်ငယ်က မိဘမဲ့ဂေဟာက ခလေးလေးတယောက်ကို လက်ဆောင်ပေးခဲ့ဖူးတာလား.
သူ့မှတ်ဥာဏ်တွေ ဝေဝါးနေဆဲ။

ခုနက JK ချန်ခဲ့တဲ့ ကွာရှင်း စာရွက်စာတမ်းတွေ ထည့်ထားတဲ့ folder လေးထဲ တခုခုရှိနေသလို သူ ထုတ်ကြည့်လိုက်မိတော့..

ဓာတ်ပုံ ခပ်ဟောင်းဟောင်းလေးတပုံထွက်လာတယ်။ ပုံထဲမှာ
ကောင်လေးနှစ်ယောက်..တယောက်က သူ..နောက်တယောက် က ဘယ်သူလဲ?? Yuya ခေါ် JK များလား??ဒါ သူ ၈နှစ်ပြည့်မွေးနေ့က မိဘမဲ့ကလေးဂေဟာတခုမှာ အလှူလုပ်ရင်း ကောင်လေးတယောက်နဲ့ အတူတွဲရိုက်ထားတဲ့ပုံ..ပြီးတော့ ဒီကောင်လေး လည်ပင်းမှာ အဖြူရောင် ယုန်ရုပ်မာဖလာလေးနဲ့။ ဓာတ်ပုံနောက်ကျောကို သူအခုမှ အသေချာ လှန်ကြည့်မိတော့
ခလေး လက်ရေးလေး မပီမသလေးနဲ့ ရေးထားတာက

""အရမ်းချစ်တဲ့ ကိုကိုနဲ့ Yuya''' တဲ့...

ကြည့်ရတာ JK ကိုယ်တိုင်ရေးထားခဲ့ဖူးတာထင်တယ်။

Yuya တဲ့...

ဪ ဘာလို့ နှစ်ပေါင်းများစွာကြာ ဒီနာမည်လေးကို သူမေ့နေခဲ့တာပါလိမ့်??? အခုထက်ထိလဲ သူ့အသိ မှတ်ဥဏ်တွေ ထဲမှာ ဒီနာမည်လေးက ဝေဝါးနေဆဲပါ။

ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}Where stories live. Discover now