Chapter 4 💫 (Final)

Start from the beginning
                                        

""အဟက်...ကိုကို့ဆီက အခုလို ဆဲဆိုသံလေးကြားရတော့ ကျတော်တကယ်ပျော်မိတယ်..''

""Aishh အရူးကတမျိုး..'''

""တကယ်ပါ...ဒါနဲ့ ကျနော်တို့ တွေ့ကြရအောင်လား??''

""မင်းနဲ့ ငါက ဘာလို့တွေ့ရမှာလဲ Yuya?အရူးမထနေစမ်းနဲ့..သွားစမ်းပါ အာရုံနောက်လို့'''

""ကိုကိုက ကျနော်တို့နှစ်ယောက် လက်ထပ်ထားတဲ့ အကြောင်းကို တရားဝင်လူတွေသိအောင် line ပေါ်တင်စေချင်နေတာလား??''

""Borr??? ဘာလဲ..မင်း..မင်း ပေါက်ကရတွေမလုပ်နဲ့နော်..'''

""ဒါဆို ကျနော့်ကို လာတွေ့လေ...'''

လာပြန်ပြီ ဒီလိုတွေပြောပြီး အကျပ်ကိုင်ဦးမယ်..Tae တကယ်ကို စိတ်ပျက်စွာ စုတ်တချက်သပ်လိုက်မိတယ်။ JK က

""ကိုကို ကျနော့်ကို ဒီတခါ လာတွေ့ရင် ဘယ်တော့မှ နောင်တမရစေရပါဘူး..အာမခံတယ်...'''

JK စကားကြောင့် ပထမတော့ Tae အင်တင်တင်လုပ်နေပေမဲ့ နောက်တော့ ဘာပဲ ဖြစ်ဖြစ် ဒီထက်တော့ပိုပြီးဘာမှ မလွန်နိုင်တော့ပြီမို့ တွေ့ဖို့ကိစ္စကို သဘောတူလိုက်တယ်။

...
Coffee ဆိုင်ရောက်တော့ JK က အဖြူရောင်လည်စီးလေးနဲ့ ကြိုစောင့်နှင့်တယ်။
Tae က မျက်နှာသုန်သုန်မှုန်မှုန်နဲ့ JK ကို
ကြည့်ပြီး ဘာကိစ္စလဲဆိုတဲ့ မျက်နှာပေးနဲ့

""ယော်ပို့...'''

""တော်စမ်း အဲ့လိုမခေါ်ပါနဲ့ဆို..ငါထရိုက်မိတော့မယ်...''

""အင်းပါ..အင်းပါ hyung ဘာသောက်မလဲ??''

""ငါက မင်းနဲ့တွေ့ချင်လွန်းလို့ coffee ဆိုင်လာချိန်းတွေ့တယ် ထင်နေတာလား Yuya''

Tae စကားကြောင့် JK ဘာမှ မပြောတော့ပဲ သူ့ဖာသာ coffee နှစ်ခွက်မှာလိုက်တယ်..Tae သောက်သောက်မသောက်သောက်ပေါ့။
JK က

""ယော်ပို့...အဲ.. ကိုကို..ဒီ မာဖလာအဖြူရောင်လေးက ချစ်စရာလေးနော် ယုန်ရုပ်လေးတွေနဲ့..ကိုကို ဒီ မာဖလာလေးကို မမှတ်မိဘူးလား'''

"" aishh shit! မင်း ခလေးခလားနဲ့ ရူးနေလား Yuya? ငါ့ကို ဘာကိစ္စတွေ့ချင်ရတာလဲ လိုရင်းပဲပြော..''

ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}Where stories live. Discover now