JK အသက် ၄နှစ်ကျော် ၅နှစ်မှာပဲ မိဘမဲ့တကောင်ကြွက်ဘဝနဲ့ အထီးကျန်စွာ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရတာပါ။
သူမိဘမဲ့ ဂေဟာမှာနေထိုင်ရစဥ်တုန်းက Kim မိသားစုက သူတို့ရဲ့သားမွေးနေ့ကို တစ်နှစ်တစ်ခါ သူတို့ ဂေဟာမှာ အလှူလာပေးတယ်။
အဲ့မှာသူ Tae ကိုစတွေ့ဖူးခဲ့တာ..Tae က သူ့ထက် နှစ်နှစ်လောက်ကြီးပြီး..''ကိုကို'' လို့ သူ့စိတ်ထဲက အမြဲတမ်းခေါ်ဝေါ်နေခဲ့မိရင်း..
ကိုကို့ကို ငယ်ငယ်လေးထဲက အိပ်မက်တွေထဲထိအောင်စွဲလမ်းခဲ့ရတယ်ဆိုပါတော့။ ကိုကို ကတော့ သူ့လိုမိဘမဲ့ ခလေးတယောက်ကို အုတ်ရောရော ကျောက်ရောရောနဲ့ သတိတောင်ထားမိခဲ့ပုံမပေါ်ပါဘူး။
သူ့ရဲ့ စိတ်ကူးယဥ် အတွေးလေးက တနေ့ကျရင် သူ ကိုကို့ရဲ့ ချစ်သူဖြစ်ချင်ခဲ့မိတာ။ သူသိပ်ရူးမိုက်ရာကျခဲ့လေသလား...??ဒါကြောင့် Jimin bar မှာ မေးတုန်းက Tae ကို ချစ်တယ်လို့ သူအမှန်တိုင်းထုတ်ဖော်ပြောခဲ့မိတာပါ။ သူမညာပါဘူး..သူ Tae ကို အရမ်းချစ်တာပေါ့..ဒါပေမဲ့ သူ့အချစ်က ဆိုင်သူမသိပဲ တဖက်သက်အချစ်။
ကံကြမ္မာက သူ့အပေါ်ဘယ်တုန်းကမှ မျက်နှာသာမပေးခဲ့... သူ အရွယ်ရောက်လို့ ကိုကို့ ကိုပြန်တွေ့တော့ ကိုကို့မှာ ချစ်သူရှိနေပြီတဲ့..ကိုကို့ချစ်သူက တချိန်က JK မိခင်ကို ကားနဲ့တိုက်ခဲ့တဲ့ Mr Park ရဲ့သား..Park Jimin ဖြစ်နေခဲ့တာ။
သူအမုန်းဆုံးမိသားစုရဲ့သားက သူအချစ်ဆုံးရဆုံးလူကို ပိုင်ဆိုင်တော့မယ်တဲ့...သူအရူးတယောက်လိုကျိတ်ပြီး နာကျင်ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူ့ခံစားချက်တွေကို ဘယ်သူစာနာနိုင်ခဲ့မလဲ?? ဒီအကြောင်းတွေကို အသေချာသိသူဆိုလို့ Hoseok hyung သာရှိခဲ့တယ်။
အခုတော့... Las Vegas မှာ Jin Hyung ရဲ့ Wedding ကိုသွားတက်ရင်းကံကောင်းစွာ ကိုကိုနဲ့ ပြန်ဆုံတွေ့ခဲ့ရတာ..ဒီမှာသူ Tae မူးပြီးလွတ်နေတာကို အခွင့်ရေးယူလိုက်မိပြီး...
သူမှားခဲ့လား??? သူ အခုတော့ရှေ့ဆက်ပြီးဘာဆက်လုပ်ရတော့မလဲ??
သူ့မိခင် ကို ဒီဘဝရောက်အောင်လုပ်ခဲ့တဲ့ Park မိသားစုကို ဒီနည်းနဲ့ အနိုင်ယူရမလား?? ဒါပေမဲ့ ကိုကို ကသူ့ကို ချစ်မှ မချစ်တာ...မချစ်ရတဲ့အထဲ မုန်းသွားရင်...JK ဆက်မတွေးချင်တော့ပါ။ ကိုကို မချစ်ရင်နေပါစေ ကိုကို့ အမုန်းတွေကိုတော့မခံစားရဲ...
ESTÁS LEYENDO
ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}
FanfictionTaeKook // Vmin Kim Tae Hyung & Jeon Jungkook Kim Tae Hyung & Park Jimin
Chapter 4 💫 (Final)
Comenzar desde el principio
