""ယော်ပို့က ကျတော့်ကို လွမ်းလို့လား'''
""အာ သေလိုက်ပါလား..??ဘာယော်ပို့လဲ မင်း ငါ့ကို အဲ့လိုမခေါ်ပါနဲ့လို ဘယ်နှခါပြောရမလဲ??'''
""အဟက် စိတ်လျှော့ပါ ယော်ပို့ရယ်..ကျတော်တို့ ထပ်ဆုံကြဦးမှာပါ.. ''
""မဆုံချင်ပါဘူး ငါကတော့ မင်းနဲ့ ပြန်ကိုမဆုံချင်ဘူး..မင်း တမင်တကာ ယုတ်မာပြီး ဥာဏ်များသွားတာပဲ..မင်းပြောတော့ငွေယူမယ်ဆို ကွာရှင်းပေးမယ်ဆို..''
""ကျတော်စိတ်ပြောင်းသွားပြီ sorry နော်..ငွေလဲမလိုချင်တော့ဘူး
ကျတော်က ယော်ပို့နဲ့မကွာရှင်းချင်တော့ဘူးဗျ ယော်ပို့ရဲ့ ခင်ပွန်းဖြစ်ရတာကိုပဲ ကြိုက်တယ်..တာတာ့.!''
JK ကပြောပြီးတာနဲ့ ph ချပလိုက်တယ်။
""Borrr??? Yarr yarr ဒီကောင်..တောက်..ရူးတော့မှာပဲ...ဘာကောင်လဲ ကွာ ယောကျာ်းဖြစ်ပြီး ဗလောင်းဗလဲနဲ့..'''
Tae ph ပြန်ဆက်တော့လဲ မကိုင်။ ဒုက္ခပါပဲ ဒီYuya ဆိုတဲ့ ပြသနာအိုးလေး က ဘာတွေလျှောက်မွှေဦးမယ်မသိ။ Tae ဖြစ်နိုင်ရင် ရူးပြီး ကိုယ့်ကိုကိုယ်ပဲ သတ်သေလိုက်ချင်တယ်
""Ting Ting Ting'''
Ph ထပ်မြည်လာတော့ Tae caller ID ကို မကြည့်တော့ပဲ JK ပဲ အထင်နဲ့စွတ်ပြောချလိုက်မိတယ်
""Yarrr Yuya မင်းကတိမဖျက်နဲ့..မင်းလိုချင်သလောက်ငွေကိုပေးမယ်..ဘယ်လောက်လိုချင်လဲသာပြော...'''
""Borr? Tae Hyung ဘာတွေလျှောက်ပြောနေတာလဲ? ဘယ်က Yuya လဲ?'''
တဖက်က Jimin အသံကြောင့် Tae ခေါင်းမိုးကြိုးအစင်းတရာအပစ်ခံရသလို ထိတ်လန့်သွားတယ် သေပြီဆရာ။ caller ID ကို
မကြည့်ပဲ စွတ်တင်မိတဲ့ သူ့ပါးစပ်ပဲသူပြန်ရိုက်ချင်တယ်
""Ahhh ဘာမှ မဟုတ်ဘူး ဘာမှ မဟုတ်ပါဘူး..မနေ့ညက..အဲ..ဟိုနေ့က casino ဝိုင်းမှာ ထိုင်ရင်း သူငယ်ချင်းနဲ့ ငွေကြေးအရှုပ်ရှင်းလေးပြောနေတာ..'''
""ဟုတ်လို့လား Tae Hyung! မင်းငါ့ကို cheat လုပ်ထားတာတော့မဟုတ်ပါဘူးနော်..''
""မ..မဟုတ်ပါဘူး..Jimin ရယ်..ငါ..ငါပြန်လာရင် အားလုံးရှင်းပြမယ်နော်...'''
Tae အခုချိန်မှ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေပြီ။ ဒါသူ့မိုက်ပြစ်နဲ့သူပဲ..ဘာပဲ ဖြစ်ဖြစ် မထင်မှတ်ပဲ မှားခဲ့တဲ့ အမှားတခုအတွက်နဲ့တော့ သူ့ဘဝမှာ အရမ်းတန်ဖိုးထားမြတ်နိုးရတဲ့ ငယ်ချစ်ဦး Jimin ကိုတော့အဆုံးရှုံးမခံနိုင်။ သူ Jimin ကိုသာ လက်လွှတ်လိုက်ရရင် တသက်လုံးနောင်တကြီးကြီးမားမားရနေရလိမ့်မယ်..ဟင်အင်း သူ့အဲ့လိုမျိုးအဖြစ်မခံနိုင်ပါ။
ဒါဆို ဒီကိစ္စကို တယောက်ထဲ ကျိတ်ဖြေရှင်းနေတာထက် Jimin ကို ဖွင့်ပြောလိုက်ရင်ကောင်းမလား??Jimin ကရော နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလား?? Tae လေယဥ်မစီးခင်ကို အတွေးတွေနဲ့ ချာလပတ်ရမ်းကာ မူးနောက်နေပြီ။
YOU ARE READING
ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}
FanfictionTaeKook // Vmin Kim Tae Hyung & Jeon Jungkook Kim Tae Hyung & Park Jimin
Chapter 2 💫
Start from the beginning
