Tae JK ပါးစပ်က တခုခု လှစ်ခနဲ မထွက်သွားခင် JK ပါးစပ်ကို လက်နဲ့ အမြန်အုပ်ပြီးပိတ်လိုက်ရတယ်။ ပြီးတော့
""ဒါဆို..ဒါပဲနော်..Jimin, ငါ့သူငယ်ချင်း Yuya က အရမ်းမူးနေပြီ..သူ့ကို ထိန်းရဦးမယ်..''
""နေပါဦး မင်းတို့က ဘယ်တုန်းက သူငယ်ချင်းတွေ ဖြစ်သွားတာလဲ??ငါလဲ မင်းသူငယ်ချင်းထဲမှာ သူ့ကိုတခါမှ မမြင်ဖူးပါဘူး..''
Jimin က မကျေနပ်သလိုလို မယုံသလိုလို နဲ့ မျက်မှောင်လေးကျူတ်ရင်း မေးလာတော့ Tae လဲ
""ဟုတ်တယ် ဒီရောက်မှ Jin Hyung တို့ မိတ်ဆက်ပေးကြရင်း သိသွားတာ..ဒါပဲနော် babe ကိုယ် ph ချလိုက်တော့မယ်..''
Tae ပြောပြီးပြီးချင်း vid call ခလုတ်ကို အမြန်ပိတ်လိုက်ရတယ်။ ပြီးမှ Jungkook ဖက်လှည့်ရင်း..
""Yuya မင်းဘာဖြစ်နေတာလဲ??''
""ဘာဖြစ်နေလို့လဲ ကျတော်က ယော်ပို့ရဲ့ ချစ်သူကို နှုတ်ဆက်ချင်ရုံလေးပါ..''
""တော်စမ်းပါ အဲ့ဒီ ယော်ပို့ ယော်ပို့ဆိုတာကြီးကို မခေါ်စမ်းပါနဲ့...လုံးဝမခေါ်နဲ့!
ငါမင်းကို ခင်ပွန်းတယောက်အဖြစ်လုံးဝအသိမှတ်မပြုနိုင်ဘူး..ငါမင်းနဲ့ ကွာရှင်းမယ်..''
""ဘယ်လို ကွာရှင်းမယ်?''
""ဟုတ်တယ်လေ ငါ လူမှန်းသူမှန်းတောင် မသိတဲ့ အချိန်မှာ ငါလျှောက်လုပ်ခဲ့မိတယ်ကွာ..ဒါအမှားတခုပဲ..ဒီတော့ငါမင်းနဲ့ပြန် ကွာရှင်းမယ်'''
""ဘယ်လို?? အမှားတခုဟုတ်လား..ဒါပေမဲ့
ကျတော်ဖက်က လုံးဝ မကွာပေးနိုင်ဘူးဆိုရှင်ရော??''
""Yuya!! မင်းငါ့ဆီက ဘာလိုချင်တာလဲ??? ဘာလို့အခုလိုတွေ လျှောက်လုပ်နေရတာလဲ??''
""ကျတော်လိုချင်တာ.. '''
Yuya က မချိုမချဥ် ညစ်ကျယ်ကျယ် ပြုံးရင်း သူ့လက်ညှိုးနဲ့ လက်မလေးကို ကွေးပြလိုက်တယ်..သူလိုချင်တာ 'money' ငွေပေါ့လေ။
""မင်းက ယောကျာ်းပိုင်းလုံးလား..''
""အဟက် အဲ့လိုတော့လဲမဟုတ်ပါဘူး ကျတော်က Seoul National ဆေးရုံ မှာ အလုပ်လုပ်နေတဲ့ သာမာန် သူနာပြုဆရာလေးတယောက်ပါ..
ပြီးတော့ အချိန်ပိုင်း bar singer တယောက်.. ကျတော်က ပုံမှန်တော့ ဘယ်သူ့ဆီကမှ ငွေမချူစားတတ်ပါဘူး ဒါပေမဲ့ ကျတော့်ရှေ့ကို ငွေတွင်းကြီးဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီးမှတော့ ဒီအတိုင်း လက်လွှတ်ပေးလိုက်ရင် ကျတော့်လောက် မိုက်မဲတဲ့ သူရှိပါဦးမလား..''
YOU ARE READING
ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}
FanfictionTaeKook // Vmin Kim Tae Hyung & Jeon Jungkook Kim Tae Hyung & Park Jimin
Chapter 2 💫
Start from the beginning
