သူနဲ့ Yuya ခေါ် Jungkook ဆိုတဲ့တယောက် church လိုလို မဂ်လာခန်းမအသေးစားလိုလိုမှာ လက်ထပ်ထိမ်းမြားပေးတဲ့ တရားဟောဆရာ preacher ရှေ့.. လက်ချင်းထပ်ပြီး ကတိကဝတ်တွေပြုလို့ ပြီးတော့ kissing ဆွဲ..လက်စွပ်ချင်းအပြန်လှန်
လဲ..hmm လက်စွပ်! Tae အခုမှ သူ့လက်သန်းကြွယ်ကို ကြည့်မိတယ် ရွှေရောင်ပြောင် လက်ထပ်လက်စွပ်လေးက အထင်းသားနေရာယူထားသလို.
Yuya က သူ့လက်သန်းကြွယ်က ဆင်တူ လက်စွပ်လေးကိုပါမြင်သာအောင်ထောင်ပြရင်း မျက်လုံးလေးတဖက်မှိတ်ပြလိုက်သေးတယ်
""ဒါကြောင့် ပြောတာပေါ့ Kim Tae Hyung ssi, အခုဆို ခင်ဗျားက ကျူပ်ယောကျာ်း ဖြစ်သွားပြီ..ကျူပ်က ခင်ဗျားယောကျာ်း..
ကျုပ်တို့က husband & husband တွေဖြစ်နေကြပြီလို့...'''
Tae Hyung ဘာလုက်ရမယ်မသိ အခုမှ မြွေက ငယ်ထိပ်ကိုပေါက်တာမဟုတ်တော့ဘူး စပါးအုံးကြီးက လည်ပင်းမှာတက်ပတ်ပြီး ခေါင်းကို မြိုနေပြီ 🐍🐍
စွကျိုးတွေအကြီးကြီးနဲ
""Ting Ting Ting''''
Hrrr ဒုက္ခပဲ babe ပိစိ ဆီက ph သူဖြေရနိုးမဖြေရနိုးနဲ့ အကျပ်ရိုက်နေပြီ..Yuya က ဖြေလိုက်ပါဆိုတဲ့ပုံနဲ့ ခေါင်းညိတ်ပြလိုက်တော့ Tae လဲ ကတုန်တယင်နဲ့ ဖြေမိတယ်..မသိမသာတံတွေးကိုလဲ မြိုချမိနေသေး။
""Hello? """
""Hello Tae Hyung မင်းအခုထက်ထိ Jin Hyung Wedding မသွားသေးဘူးလား..??''
""Umm Immm သွားတော့မှာ အခုမှ နိုးလို့..''
""Ahh pali မဂ်လာဆောင်နောက်ကျတော့မယ်..ဟိုရောက်ရင် ငါအလုပ်ကြောင့်မလိုက်လာနိုင်တာကို ခွင့်လွှတ်ပါလို့ Nam Joonie Noona ကိုပါပြောပေးပါနော်..''
""အင်း..အင်းပါ...'''
Tae ကြက်ကြီးလည်လိမ်ထားသလို အီလည်လည်နဲ့ Jimin ကို အလိုက်သင့်ပြောနေရပေမဲ့ မလုံမလဲ။ ဒီအချိန် Yuya က...
""ကျတော်လဲ သွားတော့မယ်..ခင်ဗျားလဲ ရေချိုး အဝတ်စားလဲတော့''
Jimin ကြားသွားပြီ
""Hmm Tae Hyung အဲ့ဒါ ဘယ်သူ့အသံကြီးလဲ...'''
""Hmm...အမ်..အဲ..အဲ့ဒါ..room service. .ဟင်း ဟင်း room service လာပေးတဲ့ waiter ပါ...'''
Tae ရဲ့ အိုးမလုံအုံပွင့်နေတဲ့အသံကို ကြားတော့ Jimin သိပ်မသင်ဂါတော့ဘူး စိတ်ထဲမှာ သူ့ကို Tae Hyung ဖုံးကွယ်ထားတာတခုခုရှိနေပြီလားလို့။ သူနဲ့ Tae က ဟိုးခလေးဘဝကတည်းက သူငယ်ချင်းတွေပါ တယောက်အကြောင်းတယောက်အသိဆုံး အရွယ်ရောက်လာတော့ သူငယ်ချင်း အချစ်ကနေ တစစအရောင်တွေဆိုးရင်း ချစ်သူတွေ..အခုဆို မကြာခင် အကြီးကျယ်လက်ထပ်ဖို့ စေ့စပ်ထားတဲ့ သူတွေတောင်ဖြစ်နေကြပြီလေ။ ဒီတော့တယောက်ပါးစပ်ဟတာနဲ့ တယောက်က အူဘယ်နှခွေရှိတယ်ဆိုတာသိပြီးသား.
အဲ့လောက်ရင်းနှီးပြီးအရိပ်ခြေသိနေတဲ့ လူအချင်းချင်း ဘယ်လို ဖုံးကွယ်မလဲ။ အခုလဲ Tae မနေ့ညက တခုခုမဟုတ်တာလုပ်ထားပြီဆိုတာ Jimin Tae အသံကြားတာနဲ့တင်ခန့်မှန်းမိပြီ။
YOU ARE READING
ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}
FanfictionTaeKook // Vmin Kim Tae Hyung & Jeon Jungkook Kim Tae Hyung & Park Jimin
Chapter 1💫
Start from the beginning
