Tae မမှတ်မိ။ မမှတ်မိတာထက် club အထဲမှာ သီချင်းသံတွေဆူနေလို့ အသေချာကို မကြားလိုက်တာ
ထိုကောင်လေးက ဘာမှမပြော Tae ကို ခပ်ပြုံးစိစိကြည့်နေတယ်
""ကဲပါလေ ခင်ဗျားကို ကြည့်ရတာ သိပ်မူးနေတယ် တယောက်ထဲတော့မပြန်နဲ့ ကျတော်ခင်ဗျားHotel ထိလိုက်ပို့ပေးမယ်.. တော်ကြာဒီလောက်ကွဲနေရင် လမ်းမှာ taxi driver ကရိုက်လုနေဦးမယ်..''
ထိုကောင်လေးကပြောပြောဆိုဆိုနဲ့ taxi stand မှာ လာရပ်တဲ့ taxi ကို အရံသင့်တားကာ ကားနောက်ခန်းမှာဝင်ထိုင်ရင်း Tae ကိုပါခေါ်လာတယ်။
""Kim Tae Hyung! Kim Enterprise ရဲ့ တဦးတည်းသော အမွေဆက်ခံသူ..''
သူတို့အချင်းချင်း Korean ဘာသာနဲ့ ပြောနေတော့ အရှေ့ခန်းက taxi driver လဲနားမလည်နိုင်ပါ။
""Hmm မင်းက ငါ့ကို အသေချာသိနေတာပဲ..''
""ဒါပေါ့ သိတာပေါ့ ခင်ဗျားက နာမည်ကြီးပဲ ကဲ..ရော့..coke လေးနဲနဲသောက်လိုက် အမူးပြေသွားအောင်..''
Tae မူးမူးနဲ့ကားနောက်ခန်းမှာ ဖြစ်ချင်တိုင်းဖြစ်ပျက်နေရင်း ထိုကောင်လေးရဲ့ပေါင်တံကျစ်ကျစ်လေးတဖက်ပေါ်အကျနခေါင်းအုံးအိပ်နေမိမှန်းသူ့ကိုယ်သူတောင်သတိမထားမိ။
သူ..ထိုကောင်လေး ကမ်းပေးလာတဲ့ coke ဗူးလေးကို ယူရင်းမော့လိုက်တယ်..တကျိုက်..နှစ်ကျိုက်..သုံးလေးကျိုက်...သူဘာမှမသိတော့ပါ။
....
နောက်တနေ့ မနက် Tae Hyung နိုးလာတော့ သူ့ခေါင်းတွေ ဆယ်ပေါင်တူနဲ့ အထုခံထားရသလို ကိုက်ခဲနေတယ်။
""အာ့ ကျွတ် ကျွတ်..သေတော့မှာပဲ..ခေါင်းကိုက်လိုက်တာ''
အခုချိန် အရက်နာကျတာကို ပြန်ဖြေဖို့ ဆေးသောက်ရရင်ကောင်းမယ်။
သူတွေးရုံရှိသေး..
"Honey အရက်နာကျနေရင် ဒီဆေးနဲ့ ဖြေရတယ်..'''
မနေ့ညက ကောင်လေးက Hotel မှာ ရေချိူးပြီးရင်ဝတ်တဲ့ bath robe အဖြူရောင်ကိုဝတ်ထားပြီးသူ့ ကုတင်မှာ ပိုင်စိုးပိုင်နင်း လာထိုင်တယ်။ Tae အခုမှ အသေချာကြည့်မိတယ် သူညက ဝတ်ထားတဲ့ အဝတ်စားတွေနဲ့ ဟိုကောင်လေးရဲ့ မနေ့ညက ဝတ်ထားတဲ့ bomber jacket, ripped jeans, ဖိနပ်တွေ, boxer အတွင်းခံတွေ အကုန်လုံးရောထွေးပြီး ကြမ်းပေါ်တစစီပြန့်ကျဲနေတာမြင်လို့တောင်မကောင်း
အမလေး ဘုရားရေ ဘာတွေဖြစ်ကုန်တာလဲ? !
YOU ARE READING
ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}
FanfictionTaeKook // Vmin Kim Tae Hyung & Jeon Jungkook Kim Tae Hyung & Park Jimin
Chapter 1💫
Start from the beginning
