Chapter 1💫

Magsimula sa umpisa
                                        

အဟုတ်ပဲလေ။ ဒီနေ့ Jin Hyung ရဲ့ လူပျိူနောက်ဆုံးည bachelor night! ဒီညမှာ သူတို့ယောကျာ်းလေးတွေချည်းပဲ မီးကုန်ယမ်းကုန် အစွမ်းကုန်မီးပွင့်အောင်ကဲနေကြတာ။ Jin Hyung ရဲ့ ဇနီးလောင်း Nam Joonie Noona လဲ ခုလောက်ဆို သူမရဲ့ သူငယ်ချင်းမိန်းခလေးတွေနဲ့ တနေရာရာမှာ ကဲနေမှာပဲ။ ဒါကိုပဲ အပြန်လှန်နားလည်ပေးထားရတာ ထုံးစံပဲလေ။
Las Vegas ဆိုတာ
USA ရဲ့ လောင်းကစားမြို့တော်လို့ တင်စားခေါ်ဝေါ်ရတဲ့ casino ကစားဝိုင်းတွေပေါများတဲ့ မြို့တော်။ Night Club တွေ Night Life တွေ အသက်ဝင်ပီပြင်လွန်းတဲ့ မြို့တော်
လောလောဆယ် သူတို့ယောကျာ်းလေးသူငယ်ချင်းတွေချည်းပဲကဲနေတာ ၅ ယောက်။
Tae တော်တော်လေးကောင်းနေပြီမို့ Jin Hyung နားကပ်ကာ အသံကို မြှင့်ရင်း...

"Jin Hyung ကျနော်ပြန်တော့မယ်..မရတော့ဘူး ! အရမ်းမူးနေပြီ! တော်ကြာ မနက်ဖြန် အရက်နာကျလို့ hyung Wedding ကို မတက်နိုင်ဖြစ်နေမယ်..''

""Aww ကောင်းပြီ ပြန်လေကွာ..အဲ..ဒါနဲ့တယောက်ထဲ ပြန်လို့ ဖြစ်ရဲ့လား??''

Tae ခေါင်းညိတ်ပြလိုက်တယ် ပြီးတော့ Jin Hyung နဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ရင်း ဒယိမ်းဒယိုင် သိုင်းကွက်နင်းပြီး club ထဲက ထွက်လာခဲ့တော့တယ်။
Tae, club ရှေ့ taxi stand မှာ ရပ်နေရင်း
တွေ့ရာ taxi တစီးဌားဖို့ကြိုးစားနေတုန်း

""Ouch ခင်ဗျားကြည့်ရတာ အရမ်းမူးနေပြီပဲ..'''

Tae သူ့အနောက်က ကြည်ကြည်လင်လင်အသံကြောင့် တဝက်ပဲ ပွင့်တဲ့မျက်လုံးတွေကို အတင်းဖွင့်ကြည့်ရင်း..aww..ဒါ ခုနက club ထဲမှာ Jin Hyung မိတ်ဆက်ပေးတဲ့ကောင်လေးပဲ

""Awww မင်းပဲ..''

ထိုကောင်လေးက bomber jacket အနက်ရောင်လေးနဲ့ ပြီးတော့ ripped jeans ဘောင်းဘီအနက်ရောက်၊ cap ဦးထုတ်အနက်ရောင်နဲ့ တကိုယ်လုံးနက်မှောင်နေတာ ဖြူတာဆိုလို့ သူခြေထောက်က canvas shoe ဖိနပ်အဖြူရောင်ပဲရှိတယ်။ သူက နှုတ်ခမ်းလေးတဖက်တွန့်ရုံပြုံးရင်း

" ကျတော့်ကို သိလို့လား??''

""အင်း ခုနက club ထဲမှာ Jin Hyung မိတ်ဆက်ပေးတယ်လေ''

""အဟက် ဟုတ်ပါပြီ..ဒါဆို ကျနော့်နာမည်က ဘာတဲ့လဲ??''

""Umm အဲ..အဲ့ဒါက..''

ᎽuᎽᎪ (Taekook/Vmin)++ {shᎾᏒᏆ fᎥᏟ}Tahanan ng mga kuwento. Tumuklas ngayon