Chapter(3) - Double Return

Start from the beginning
                                    

အဆုံးမှာတော့ရန်ကျင်းကဒဏ်ရာပြင်းထန်စွာရထားပြီးသွေးအတော်လေးဆုံးရှုံးထားတဲ့သူဖြစ်သည်။ဒါ့အပြင်သူကအချိန်အတော်ကြာသည်အထိအေးခဲနေခဲ့ရတာကြောင့်ရုန်းထွက်နိုင်မယ့်အင်အားအလုံအလောက်မရှိပေ။ရလဒ်အရတော့ဆေးလုံးများနဲ့ဆေးရည်တစ်ချို့ကိုအတင်းအကြပ်မျိုချလိုက်ရသည်။

သူတို့ကပါးစပ်ထဲကနေအရည်ပျော်သွားသည်နှင့်လည်ချောင်းတစ်လျှောက်ကိုနွေးထွေးမှုများစီးဆင်းသွားပြီးထိုနွေးထွေးမှုကသူ့ရင်ဘက်နဲ့ခြေလက်များဆီသို့ပါပျံ့နှံ့သွားသည်။သူကအေးခဲသွားပြီးနောက်သူ့ရုန်းကန်မှုများရပ်တန့်သွားသည်။

ရန်ကျင်းရှေ့ကထိုလူကအနည်းငယ်မှုန်ဝါးနေသည်။သူ့အသွင်အပြင်ကတော့သဘောကောင်းတဲ့သူတစ်ယောက်လိုပင်။ဒါပေမဲ့ဒါကပုံရိပ်ယောင်တစ်ခုပဲဆိုတာရန်ကျင်းသိထားသည်။ဒီလူကပြာဖြစ်သွားရင်တောင်သူ့အသက်ရှုသံကိုသူအသိအမှတ်ပြုနိုင်ဦးမှာပဲ!

သူကရန်ကျင်းရဲ့ဆရာကောင်းကြီးလေ!သူ့ဝိဉာဏ်မြစ်ကိုခွဲဖြတ်ထုတ်ခဲ့တဲ့ဆရာကောင်းကြီး!

ရန်ကျင်းကအံကိုကြိတ်လိုက်ပြီးသူ့မုန်းတီးမှုများကိုဖိချထားလိုက်သည်။

မဟုတ်ဘူး

သူ့အားနည်းချက်တွေကိုနည်းနည်းလေးတောင်ပြလို့မရဘူး

ဒီအချိန်မှာရှန်ကျစ်ရှန်းကသူ့ထက်အများကြီးသန်မာတယ်..အကယ်၍သူသာသူ့ကိုဒေါသထွက်အောင်လုပ်လိုက်မိရင်ညှင်းပန်းနှိပ်စက်မှုတွေကပိုပြီးစောစောလာလိမ့်မယ်ဆိုတာသေချာတယ်

ရန်ကျင်းသည်တစ်ဖက်လူမမြင်နိုင်သည့်နှင်းထဲမှသူ့လက်တစ်ဖက်အားလက်ဖဝါးမှာလက်သည်းရာတွေထင်ကျန်သွားသည်အထိကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။သူကအသက်ကိုပြင်းပြင်းရှုလိုက်ပြီးခေါင်းကိုအနည်းငယ်နှိမ့်လိုက်ကာသူ့မုန်းတီးမှုကိုဖိနှိပ်ရင်းအက်ရှရှနဲ့ပြောလိုက်သည်။

"ဆရာ"

သူ့ဝိဉာဏ်မြစ်ပျက်စီးသွားတဲ့မှတ်ဉာဏ်တွေကသူ့တစ်ကိုယ်လုံးကိုနာကျင်မှုနဲ့တုန်ယင်စေတယ်။သူကအေးစက်စက်အသက်ရှုမှုတစ်ခုနဲ့အတူသူ့ကိုယ်သူအကြိမ်ကြိမ်ပြန်သတိပေးနေရလေရဲ့

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now