19

2.8K 293 32
                                    

//Scroll Down for ZAWGYI //

CHAPTER-19 //Flashback

[UNICODE]

"ကိုကို့ ကိုယ်ပေါ်မှာအလင်းရောင်ရှိတယ်

ကျွန်တော်‌လေ ဖမ်းကြည့်ချင်လိုက်တာ"

ဝမ်ရိပေါ် သူကိုယ်တိုင်တောင်

မသိလိုက်ဘဲနဲ့ အရှေ့ကလူဆီကို

လက်လှမ်း‌လိုက်မိတယ်

အဲ့အချိန်မှာပဲ သူရဲ့လက်ကို

ဘုမသိဘမသိနဲ့ပြန်လှမ်းဆွဲလာတဲ့

လက်သေးသေးလေးတစ်စုံ

ဝမ်ရိပေါ်ကတော့ သူ့ဆီလှမ်းလာတဲ့

လက်သေးသေးလေးကို

ပထမဆုံးအနေနဲ့

ခပ်ဖွဖွဆုပ်ကိုင်မိလိုက်ပြီးတည်းက

အဲ့လက်လေးကိုတစ်သက်လုံး

ဆွဲထားရင်းနဲ့ပဲရှင်သန်ချင်ခဲ့တယ်

"ဟေ့ ကောင်လေး

အိမ်မက်တွေယောင်နေတာလား

လက်ကိုလွှ‌တ်ပေးအုံးလေ

အိပ်ချင်မူးတူးနဲ့မထနိုင်တော့ဘူးလား"

ဆက်တိုက်ထွက်လာတဲ့ အသံခပ်စွာစွာလေးကဝမ်ရိပေါ်ရဲ့နှလုံးသားကို

အလုအယက်ခလုတ်တိုက်သွားခဲ့တယ်

စကားပြောတိုင်း လှုပ်ရှားသွားတဲ့

နှုတ်ခမ်းပါးလေးတစ်စုံကို

သူအသည်းယားစရာကောင်း‌လွန်းလို့

ဘယ်လိုလုပ်ရပါ့မလဲ

ရှင်သန်လာသမျှတစ်‌လျှောက်လုံး မားနဲ့ပါးရဲ့ အော်ဟစ်ဆဲဆိုရန်ဖြစ်သံတွေ

မားရဲ့ ငိုရှိုက်သံတွေကိုပဲနားနဲ့မဆံ့အောင်ကြားလာရတဲ့

ဝမ်ရိပေါ်က သူအရှေ့ကဆည်းလည်းလေးကို ပထမ‌ဆုံးအနေနဲ့ သဘောကျခဲ့တယ်

လူတွေအများကြီးနဲ့စကားမပြောဖူးတဲ့ဝမ်ရိပေါ်က

အရှေ့ကလူကိုလည်းဘာပြောရမှန်းမသိဘူး

အဲ့လိုပဲသူဆွဲကိုင်ထားတဲ့လက်ကလေးကိုလည်း မလွှတ်ပေးချင်ခဲ့ဘူး

Trigger [Completed]Where stories live. Discover now