2

6.4K 698 14
                                    

// Scroll Down for ZAWGYI //

[UNICODE]

CHAPTER-2

ရှောင်းကျန့်အတွက် ဒီရက်ပိုင်းတွေကတော့ နေ့တိုင်းနီးပါးပြဿဒါးတွေပါပဲ

သူနဲ့တွဲတာဘယ်လောက်မှ မကြာသေးတဲ့ ချန်ယီက မနေ့ညကပဲ သူကို ဗြုန်းစားကြီးလမ်းခွဲသွားတယ်။

ချန်ယီကိုချစ်လားဆိုရင်တော့ မချစ်ပေမဲ့ဒီတိုင်းကြီးဖြတ်ခံလိုက်ရတာရင်နာစရာတော့ကောင်းတယ်လေ

အိမ်ကလူတွေနဲ့စေ့စပ်ဖို့အထိပါပြောဆိုထားကြတာဆိုတော့သူနဲ့ပြတ်သွားပြီဆို‌တာသိရင်
အိမ်မှာသူပဲထပ်ပြီး နားပူခံရအုံးမှာ။

ရည်းစားလေးနဲ့ပြတ်တဲ့အထိန်းအမှတ်အနေနဲ့ အသည်းကွဲချင်ယောင်ဆောင်ဖို့အတွက် ရှောင်းကျန့်အရက်‌သွားသောက်ဖို့ ဘားကိုသွားခဲ့မိတာကနေစပြီး ကံဆိုးမှုတွေစတင်တော့တာပဲ။

ရှောင်းကျန့် ဘားမှာအေးဆေး Cocktail‌လေးကိုဇိမ်နဲ့ထိုင်သောက်နေတုန်း နောက်ကျောမလုံသလိုလိုကျောချမ်းသလိုလို ခံစားရလို့ဘေးပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်မိကာမှတစ်စုံတစ်ယောက်ရဲ့ သိမ်းငှက်မျက်လုံးလိုအကြည့်စူးစူးတွေနဲ့ ထိပ်တိုက်တိုးတဲ့အဖြစ်။

ထျန်းနာ!!! အဲ့တစ်ယောက်ရဲ့အကြည့်တွေကြောင့် တစ်ကိုယ်လုံးမှာ ရှိသမျှ အမွှေးတွေအကုန်ထောင်တက်သွားသလိုပဲ

ဒီလောက်လူတွေများတဲ့နေရာမှာလေ လူတစ်ယောက်လုံးကို တစ်ကိုယ်လုံးမြိုချမတတ်ကြည့်နေတာ

ရှောင်းကျန့်လည်း အဲ့တစ်ယောက်မူးနေလို့နေမှာပါဆိုပြီး မသိချင်ယောင်ဆောင်နေပေမဲ့အဲ့တစ်ယောက်က ပိုပြီးတောင်ရဲရဲတင်းတင်းကြည့်လာသလိုပဲ။

ရှောင်းကျန့်ကအဝေးမှုန်တစ်ယောက်ဖြစ်နေလို့ရယ် ဘားလို‌နေရာမျိုးမှာဆိုတော့ပုံမှန်ထက်ပိုမှောင်နေတာကြောင့်သူ့ဘက်က‌နေတစ်ဖက်လူကို သဲသဲကွဲကွဲမမြင်ရဘူး။

Trigger [Completed]Where stories live. Discover now