14

3.7K 537 33
                                    

// Scroll Down for Zawgyi //

CHAPTER-14

[UNICODE]

အစက ဆေးရုံကိုရက်ခြားသွားပြနေရတဲ့ ဖေးဖေးက ခုဆိုဆေးရုံမှာပဲ

လုံးဝနေလိုက်ရတဲ့အထိကိုအခြေအနေမကောင်းဘူး

သူနေမကောင်းတဲ့အကြောင်းကို

ကျိုးအိမ်တော်လူတွေကိုလုံးဝအသိမပေးရဘူးဆိုပြီးအတင်းတောင်းဆိုထားတဲ့ဖေးဖေးကြောင့်ရယ်

ပြီးတော့ကျိုးအိမ်တော်အပေါ်နာကျည်းနေတဲ့ဖေးဖေးရဲ့စိတ်ကိုလည်းဝမ်ရိပေါ်ကသိနေတာမို့ ဖေးဖေးနေမကောင်းတာကိုသူကတော့ လျှိုဝှက်ထားရတယ်

လူတွေအမြင်မှာတော့ စေ့စပ်ထားတဲ့ဝမ်အိမ်တော်ကဝမ်ရိပေါ်နဲ့ကျိုးအိမ်တော်က ဖေးဖေးတို့ကကြည်ကြည်နူးနူးခရီးထွက်နေကြပါတယ်တဲ့

ဖေးဖေးကတော့အဲ့လိုသတင်းတွေတွေ့တိုင်းနေမကောင်းတဲ့ကြားထဲကနေဆေးပိုက်တန်းလန်းနဲ့ထဆဲတတ်သေးတယ်

"မင်းနဲ့ကျဲကျဲနဲ့က ခရီးထွက်နေတာတဲ့ ဘယ်သူတောင်းစားMediaတွေပေါက်လွှတ်ပဲစားလျှောက်ရေးထားလဲ

မသိဘူး"

"ထားလိုက်ပါ ခဏနေကျိုးချန်ကိုခေါ်ပြီးဖျက်ဖို့ပြောလိုက်မယ် ကျဲကျဲက

ကိုယ့်ကျန်းမာ‌ရေးးကိုယ်ဘာသာကိုယ်ဂရုစိုက်"

ပြောရရင် ဖေးဖေးရဲ့အခြေအနေကတစ်နေ့တစ်ခြားပိုပိုဆိုးလာတာ

ဝမ်ရိပေါ်အသိပဲ။

အစက သူနဲ့ ရီရီမောမော စနောက်နေတတ်တဲ့ ဖေးဖေးက နောက်ပိုင်း

ဆေး‌အများကြီးသွင်းရတဲ့ဒဏ်တွေကြောင့် အိပ်နေရတာများတယ်။

ဆရာဝန်တွေကလည်းပြောတယ်

ဖေးဖေးကဆေးနဲ့အသက်ဆက်နေရတာတဲ့

ဖေးဖေးရဲ့ကိုယ်ထဲကိုထိုးသွင်းလက်စ ဆေးတွေကိုသာရပ်လိုက်ရင်

အသက်ရှုသံတွေပါရပ်တန့်သွားနိုင်တယ်တဲ့

ဖေးဖေးကတော့ သူ့တစ်ကိုယ်လုံးပေါ်ကဆေးထိုးပိုက်တွေကိုကြည့်ပြီးသက်ပြင်းချတယ်

Trigger [Completed]Όπου ζουν οι ιστορίες. Ανακάλυψε τώρα