3

5.8K 651 41
                                    

// Scroll Down for ZAWGYI //

CHAPTER-3

[UNICODE]

ဘယ်ကနေစပြောရမှန်းမသိပေမဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့်ဘေးမှာအမြဲတွေ့နေရပြီ။

ရှောင်းကျန့်တက်နေတဲ့ကျောင်းမှာကအစ သူ့အိမ်နားပတ်ဝန်းကျင်အထိကို ဝမ်ရိပေါ်က
သူ့နားမှာ ပျံဝဲနေတဲ့လိပ်ပြာ‌လေးလိုမျိုး တဝဲဝဲ တလည်လည်...

ရှောင်းကျန့် မလာပါနဲ့လို့သွားတားလည်း ဂရုစိုက်ပုံမရတဲ့ ဝမ်ရိပေါ်ကတော့
အကြော ခပ်တင်းတင်းရယ်

ခုဆို ကျောင်းforum ပေါ်မှာ နေ့တိုင်း နာမည်ကြီး၊ရေပန်းစားနေတဲ့ ခေါင်းစဉ်တစ်ခုရှိတယ်။

“ရှောင်းကျန့်ဘေးမှာအမြဲရှိနေတဲ့ ဝမ်ရိပေါ်”

အဲ့ခေါင်းစဉ်အောက်မှာအားကြိုးမာန်တက် ဝင်ဆွေးနွေးထားလိုက်ကြတာ
တစ်ကျောင်းလုံးနီးပါး..

“ဟေး ဝမ်ရိပေါ်ကကွေး‌နေတာလား”

“ဘုရားမလို့ တို့ကျောင်းက The Whole King ကိုကိုရှောင်းကျန့်လည်း သူလိုလိုက်မကွေးပါစေနဲ့”

“ဒီလိုတွေ ချောတဲ့ကောင်လေးတွေတိုင်းသာ ဂေးနေမယ်ဆို ဘုရားသခင်ကငါတို့ မိန်းကလေးတွေကို ဘာလို့များဖန်ဆင်းပေးနေသေးလဲ ငါကတော့သူတို့ကို ကမ္ဘာတစ်ဆုံးဆန့်ကျင်ပစ်မယ်!!!!!”

“အပေါ်ကတစ်ယောက်ဘာတွေ‌အာချောင်နေတာလဲ ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်က နင်နဲ့ ညားမှာမှမဟုတ်တာ”

“ဘယ်သူတွေဘာပြောပြော ငါကတော့သဘောတူတယ်၊ CP Nameတောင်စဉ်းစားပြီးပြီ BJYXတဲ့ ခ်ခ်”

ကောမန့်တွေဖတ်ပြီး ရှောင်းကျန့်တစ်ယောက် ချွေးတောင်ပြန်လာသလိုလို

နေကြပါအုံး ရှောင်းကျန့်ဆိုတဲ့သူက
မကွေးသေးပါဘူး

ဘယ်နှယ့် CP nameတွေပါထွက်နေရတာလဲ။

CP nameကလည်း BJYXတဲ့ !!!

အဲ့တာ ဟိုဝမ်ရိပေါ်ဆိုတဲ့ကောင်ကြောင့်ပဲ

ဒါနဲ့ နေ့တိုင်း မမြင်ချင်မှအဆုံးတွေ့နေရတဲ့ကောင် အခုမှပျောက်နေပါရောလား

Trigger [Completed]Where stories live. Discover now