17

3.3K 399 21
                                    

CHAPTER-17

မှောင်မဲနေတဲ့ ဟိုတယ်ခန်းထဲမှာ ရှုပ်ပွပျက်စီးနေတဲ့ ပစ္စည်းတွေကအများသားရယ်

တခြားအပြင်ကလူတစ်ယောက်သာ ဒီမြင်ကွင်းကိုမြင်ရင် နှာခေါင်းရှုံ့ချင်စရာကောင်းလောက်အောင်အခန်းထဲမှာရှိသမျှအရာအားလုံးက အလဲလဲအပြိုပြို

ပြိုလဲပျက်စီးခြင်းတွေရဲ့အလယ်ကဝမ်ရိပေါ်ကတော့ ဆေးလိပ်တစ်လိပ်ကိုအားပါးတရရှိုက်ရင်းတမြေ့မြေ့နဲ့လောင်ကျွမ်းသွားတဲ့ ဆေးလိပ်ငွေ့တွေကိုငေးမောကြည့်နေတယ်

လောင်ကျွမ်းရတာကိုကြိုက်တာလား

လောင်ကျွမ်းခံရတာကိုကြိုက်တာလား

ဒါမှမဟုတ် လောင်ကျွမ်းနေတဲ့အရာတွေကိုကြည့်ရတာကြိုက်တာလား

ဝမ်ရိပေါ်ကတော့ သုံးခုလုံးပဲထင်တယ်

သူကိုယ်တိုင် တငွေ့ငွေ့နဲ့လောင်ကျွမ်းရတာကိုကြိုက်သလို တစ်စုံတစ်ယောက်ကြောင့်ဆိုရင်လည်း ပျော်ပျော်ကြီးလောင်ကျွမ်းခံလိုက်နိုင်တဲ့အမျိုးအစား

သူကြောင့်လောင်ကျွမ်းနေတဲ့တစ်စုံတစ်ယောက်ကို ငေးမောကြည့်ရင်းနေရတာကိုလည်း သူအတွက်ကတော့ နေသားတကျပါပဲ

ဝမ်ရိပေါ်က သိပ်ပူလောင်တာပဲ

သူ့အနားကပ်မိတဲ့လူတိုင်းပြောကြတဲ့စကားလုံးတွေပေါ့

ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်ဆိုတဲ့ စကားတွေကို

လျစ်လျူရှုပစ်လိုက်

တကယ်တမ်း သူနာကျင်ရပြီဆိုရင်ဆေးလိပ်တွေကလွဲပြီး သူ့အနားမှာဘယ်သူမှမရှိတာ အမြင်ပဲလေ

ဒီလို မရှိနေအောင်လည်းသူကပဲမောင်းထုတ်ပစ်ခဲ့တာ

သူစိတ်ညစ်နေချိန်တွေဆို လူတွေနဲ့မတွေ့ချင်တာအမှန်ပဲ

လူတွေကစိတ်ရှုပ်စရာကောင်းတယ်

သူအဆင်မပြေနေတာသိရဲ့သားနဲ့တောင်မှပဲ အဆင်ပြေရဲ့လားဆိုပြီး မေးတယ်..အရေးမပါတဲ့မေးခွန်းတွေနဲ့သူကိုပိုပြီးစိတ်ရှုပ်အောင်လို့လုပ်ကြသေးတယ်

Trigger [Completed]Where stories live. Discover now