ပန်းခြံရောက်တော့ ရိပေါ်ဘယ်နားရှိနေမှန်းမသိတာကြောင့် ဖုန်းဆက်တော့လည်း ဖုန်းကမကိုင်။
ရှောင်းကျန့် သက်ပြင်းအသာချပြီး လိုက်ရှာဖို့ဆုံးဖြတ်လိုက်သည်။

ရှောင်းကျန့် ရိပေါ်ကိုလိုက်ရှာရင်း တနေရာအရောက် သူ့အရှေ့က ပုံရိပ်လေးကိုကြည့်ပြီး နှလုံးသားက နာကျင်သွားရသည်။
အထီးကျန်စွာ ခုံတန်းလေးပေါ်မှာ ထိုင်နေသည့်ရိပေါ်။
ရှောင်းကျန့် ရိပေါ်နားသွားရပ်တော့ မော့ကြည့်လာသည့် မျက်ဝန်းတွေအားဖျော့စွာအရောင်မှိန်နေသည်။

"ရောက်လာပြီလား ထိုင်လေ"

ရှောင်းကျန့် ရိပေါ်နှင့်ခပ်ခွာခွာအနေအထားမှာ ဝင်ထိုင်လိုက်သည်။
ရိပေါ်ကို ဘာပြောမလို့လဲလို့ မေးဖို့မျက်နှာလေးကိုကြည့်လိုက်တော့ အရှေ့ကိုသာငေးကြည့်နေသည့် ရိပေါ်မျက်ဝန်းတွေ။

သိပ်မအေးသေးသည့် ရာသီဥတုကြီးမှာ သူပေးထားသည့် လည်စည်းကိုစည်းထားသည့် ရိပေါ်ကိုနားမလည်နိုင်။
နှဖူးကချွေးအနည်းငယ်က ရိပေါ်ပူလောင်နေသည်ဆိုတာကို ပြနေပေမယ့် ရိပေါ်ကတော့လည်စည်းကို ဖြည်ဖို့စိတ်ကူးမရှိဘူးလားမသိ။

"Coffeeဆိုင်လေးမှာ ဝင်မတိုက်ဖြစ်ခဲ့ရင် ကောင်းသားနော်။"

ရှောင်းကျန့် ရိပေါ်ကိုငေးနေသည်မှာ ရိပေါ်သူ့ဘက်လှည့်ကြည့်ပြီး မေးလိုက်မှ ရှောင်းကျန့်မျက်နှာလွှဲလိုက်သည်။

"အင်း"

"ကျွန်တော် ခင်ဗျားကိုမချစ်မိခဲ့ရင်ကောင်းသား"

"....."

"ခင်ဗျားရော ကျွန်တော်နှင့်ဆုံခဲ့လို့ နောင်တရလား"

"အင်း နောင်တရတယ်"

"ဟက်..."

ရိပေါ် ရီလိုက်မိသည်။ နောင်တရတယ်တဲ့လား။
သူကတော့ သူ့ကိုလှည့်စားပြီးပြန်မချစ်ပေးနိုင်သည့်သူနှင့် ဆုံတွေ့ခဲ့သည်ကို နောင်တမရ။

"ကျွန်တော်နောက်ဆုံးမေးမယ်..."

"အင်း"

"အရာ...အားလုံးကိုမေ့ပြီး...ခင်ဗျား ကျွန်တော့်လက်ကိုဘဝနေဝင်ချိန်အထိ တွဲသွားနိုင်မလား"

SECRET ( Completed)Wo Geschichten leben. Entdecke jetzt