-----

ခဏလောက်တုံ့ဆိုင်းနေပြီးနောက် ဦးလေးဖုက Mr.ချင်ကို နောက်တစ်ခုထပ်မေးလိုက်တယ် : “လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဆောင်းဦးလယ်ပွဲတော် (လမုန့်ပွဲတော်) ရောက်တော့မယ်ဆိုတော့။ သခင်ကြီးချင်ရဲ့အိမ်ကို ဆရာသွားအုန်းမလားလို့ပါ, ဆရာ?”

ချင်ရှောက် : “အရင်အတိုင်းပဲပေါ့”

ဦးလေးဖု : “ရှောင်ပေါင်နဲ့ရှောင်ပေတို့ကျတော့ရော? သူတို့ကိုပါ ဆရာနဲ့အတူတူ ခေါ်သွားမှာလား?”

ချင်ရှောက် : “အင်း။ ဒီကျင်းယွမ်မှာလည်း စီစဉ်စရာရှိတာတွေစီစဉ်ထားပေးပါ”

ဒါက မောင်နှမနှစ်ယောက်ရဲ့ ဒီအိမ်ကိုရောက်ပြီး ပထမဆုံးကျင်းပရမယ့် ဆောင်းဦးလယ်ပွဲတော်ပဲဖြစ်တယ်။ ပြောရမယ်ဆိုရင် ဦးလေးဖုကတော့ သူတို့ကို ကျင်းယွမ်မှာပဲ ဒီပွဲတော်ကိုဆင်နွှဲဖို့ကိုသာ မျှော်လင့်ထားခဲ့တာ ဖြစ်တယ်။ ဒါ့အပြင် အဲဒီနေရာကိုသွားတယ်ဆိုတာက သူတို့အတွက် ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာမှာမဟုတ်ဘူးလေ။

ချင်ရှောက်က ဦးလေးဖုကို တစ်ချက်ကြည့်လိုက်ပြီး အိမ်တော်ထိန်းအိုကြီးရဲ့မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေကို တွေ့သွားခဲ့တယ်။ ချင်ရှောက်က သူ့မျက်လုံးတွေ အနည်းငယ်အောက်စိုက်ချထားရင်း သက်ပြင်းချလိုက်ကာ, “ကျွန်တော် သူတို့ကို သေသေချာချာလေး မိတ်ဆက်ပေးရမယ်လေ”

နောက်ပြီး, သူရှိနေတာပဲလေ, သူ့ကလေးတွေမှာ ဘာအမှားအယွင်းဖြစ်စရာများရှိလို့လဲ?

ဦးလေးဖုက အလန့်တကြားဖြစ်သွားခဲ့တယ် : ဟုတ်သားပဲ။

“ဆရာ, ဒီအကြောင်း ကလေးတွေကို ပြောပြထားပြီးပြီလား?”

ချင်ရှောက် : “...” သူမေ့သွားတာပဲ။

ခဏကြာတော့ ချင်ရှောက်က မေးလိုက်တယ် : “နှစ်ယောက်လုံးအိပ်နေကြပြီလား?”

ဦးလေးဖု : “အိပ်နေလောက်ပြီ”

Mr.ချင်က အသာခေါင်းငြိမ့်လိုက်ပြီး ဘာမှထပ်မပြောတော့ဘူး။

-----

စုပေက အခုထိမအိပ်ရသေးလေဘူး။ သူမက ဒီနေ့ရဲ့ကစားပွဲကို အခုလေးတင်မှ ပြီးဆုံးသွားခဲ့တာဖြစ်တဲ့အပြင် ဒီအချိန်မှာပဲ လင်းရှောက်ချီနှင့် NST စီမံကိန်းအကြောင်းဆွေးနွေးနေတာဖြစ်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now