ကလေးရဲ့လူကြီး(Part-4)

Start from the beginning
                                    

"ကစားကွင်းလာမှတော့..ကစားဖို့လာတာဖို့..တရားထိုင်ဖို့လာတာမှမဟုတ်တာ"

ဘတ်ဟျွန်းကဘုကလန့်ပြန်ပြောလိုက်သည်။

"ဟုတ်ပါပြီ..ထားပါတော့..အော်..ဒါနဲ့မိတ်ဆက်ပေးရအုံးမယ်..ဒါက..ငါ့လေးလေး..အိုဆယ်ဟွန်းတဲ့...လေးလေး..ဒါကျွန်တော်.သူငယ်ချင်း လုဟန်နဲ့....
ဘတ်ဟျွန်းတဲ့"

"ဟုတ်ကဲ့.တွေ့ရတာဝမ်းသာပါတယ်..ကျွန်တော်..နာမည်.လုဟန်ပါ..ဟ​ီးဟီး
ဒါနဲ့..ဦးလေးသာပြောတယ်..အသက်ကသိပ်ကွာမယ့်ပုံမပေါ်ဘူး"

"ဟုတ်တယ်..လေးလေးနဲ့ငါနဲ့က..10နှစ်ပဲကွာတာ.."

"အော်..အဲ့ဒါဆို..ငါတို့အတူတူလျှောက်လည်လို့ရတာပေါ့နော်"

"မရပါဘူး..ငါသူနဲ့အတူတူမလည်ချင်ဘူး"

တိတ်ဆိတ်နေတဲ့ ဘတ်ဟျွန်းက.ချန်း​ညောလ်ကို လက်ညိုးကြီးထိုးပြီး..အတင်းငြင်းနေသည်။

"မင်းကလည်းကွာ..တွေ့နေပြီပဲ.အတူတူမသွားလို့ကောင်းမလား...လာပါကွာ...ချန်းညောလ်အတူတူသွားရအောင်..ဟို..လူကြီးလည်းလိုက်ခဲ့လေ."

သူတို့လေးယောက်လျှောက်လည်ရင်း..ဗိုက်ဆာလာတာနဲ့..ဆိုင်တစ်ဆိုင်ထဲ..ဝင်လိုက်သည်။

အခုဆိုရင်..သူနဲ့.လူကြီးနှစ်ယောက်ထဲ..စားပွဲဝိုင်းမှာ..နှစ်ယောက်ထဲကျန်ခဲ့သည်။ဘတ်ဟျွန်းကတော့.
ချန်းညောလ်ရဲ့.နားပူအောင်ပြောနေသော.ဒဏ်ကို.မခံနိုင်ပဲ..အိမ်သာ.ထွက်သွားသည်။ချန်းညောလ်ကလည်း..ဘတ်ဟျွန်းနောက်ကို..လိုက်သည်။အိမ်သာထဲမှာ..ရန်ပွဲတွေမဖြစ်ပါစေနဲ့ပဲ..ဆုတောင်းနေလိုက်သည်။

လျှောက်လည်နေတဲ့..တစ်လျှောက်လုံး..ဆယ်ဟွန်း လုဟန်ကို.စကားမပြောတာကြောင့်..လုဟန်ဘက်ကပဲ..စပြီး..ပြောဖို့ဆုံးဖြတ်လိုက်သည်။

"ဟို..လူကြီး..ကျွန်တော်ကို..မှတ်မိလားဟင်"

"မမှတ်မိဘူး..."

"အမ်..မမှတ်မိဘူးလား..ဟိုတစ်ခါ.ကုန်တိုက်တစ်ခုမှာ..ဝင်တိုက်မိသေးတယ်လေ..လူကြီး..အင်္ကျီတွေမှာ.ရေခဲမုန့်တွေပေသွားသေးတယ်လေ."

"ဟုတ်လား...အင်း"

ဘာလဲဟ..ဒီလူကြီး..ငါ့ကို.စကားမပြောချင်သလိုပြောချင်သလိုနဲ့။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now