Chapter 50(Unicode+Zawgyi)

Start from the beginning
                                    

'အဟမ်း....'

ကျွန်တော့်ရဲ့ချောင်းဟန့်သံလည်းကြားရောကမန်းကတန်းကို အင်္ကျီစကို ဆွဲချနေပါသောရိပ်ပါလေ...

အမလေး..သူလေးကဘဲ ရှက်နေလေရဲ့..သူလေးနဲ့ကိုယ်နဲ့က အဟင်း...အဟင်းဖြစ်ပြီးလို့..အခုအပိုဆုလေးတောင်ရနေတာကို..သူလေးရဲ့ ခန္ဓာကိုယ်ကို ဒီက မမြင်ဖူးတာလဲမဟုတ်...

'ဒီမှာ..သူများအခန်းထဲဝင်လာရင်လည်း တံခါးမခေါက်ရင်တောင် အနည်းဆုံး အသံလေးဘာလေးတော့ပေးပါလား...'

ကြည့် ထွက်လာပါပြီ အစွာလေးရဲ့အသံ...

'ကိုယ့်မိန်းမအခန်းဘဲ တံခါးမရှိဓားမရှိကိိုကိုဝင်လို့ရတာဘဲဟာကို...အဟင်း..မဟုတ်ဘူးလားရိပ်..??'

'ဘာခင်ဗျားမိန်းမလည်း..ကျွန်တော်က ယောက်ျားဗျ..ပြီးတော့..'

'ကဲပါ...ရိပ်ရယ်..ရိပ်လေးကလည်း ဒေါသထွက်မယ်ဆိုတာကြီးဘဲ...ဒါနဲ့စောစောနက ရိပ်ဘာတွေလုပ်နေတာလဲ...'

'ဟင်..ဘာကိုလဲ..???'

'ဟို..အရည်တွေ ဗိုက်ကိုလိမ်းနေတာလေ..အဲ့ဒါ..ဘာတွေလဲလို့...'

'သိချင်ရင်ခင်ဗျားနမ်းကြည့်ပါလား....'

'တကယ်လား..အိုကေလေ...'ဟုဆိုပြီး ရှင်းစက်တစ်ယောက် နှောင်းရိပ်နားကို ကပ်ထိုင်ကာ ခြေမြန်လက်မြန်ဘဲ နှောင်းရိပ်ရဲ့ အင်္ကျီစလေးကို လှပ်တင်ပြီး ဗိုက်မပူတပူလေးကို ရွှတ်ခနဲနမ်းကာ..

'မွှေးလိုက်တာ..အဟက်...'

'ခင်ဗျား..!!!'

'ဂွပ်...!!!'

'အ့..ရိပ်..နာလိုက်တာ..ကိုကို့ကို ဘာလို့ ခေါင်းခေါက်ရတာလဲကွာ..ငရဲကြီးလိမ့်မယ်ရိပ်ရဲ့...'

ရှင်းစက်ကတော့ နာသွားသော ခေါင်းလေးကို ခပ်ဖွဖွပွတ်ရင်းပြောတော့

'ငရဲကြီးတာက နောက်မှ..နှာဘူးကြီးရဲ့..ခင်ဗျားခံရတာတောင် နည်းသေးတယ်..သူများဗိုက်ကိုမဆီမဆိုင် ဘာလို့ လာနမ်းရတာလဲ...'

'အယ်..အဲ့ဒါက ရိပ်ဘဲ နမ်းကြည့်ဆိုလို့လေ...'

'ခင်ဗျားဟာလေ ပြောလေကဲလေဘဲ..ကျွန်တော်နမ်းခိုင်းတာက ဟိုခုံပေါ်က ပုလင်းကိုလေ..ကျွန်တော့်ဗိုက်ကိုမဟုတ်ဘူး အရူးရဲ့..'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now