Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}

Start from the beginning
                                    

လီလျိုရဲ့လက်ရှိဘဝကတော့ပျားရည်ထဲစိမ်နေရသလိုမျိုးပင်ရိုးရှင်းလှသည်။{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကဘယ်သူလဲသူမသိတဲ့အပြင်{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} ကအမျိုးသားတစ်ယောက်ဆိုတာကိုသာသူသိသည်။ဒါ့အပြင်သူ့ပုံစံကအတော်လေးကိုလေးနက်ပြီးထိန်းထိန်းသိမ်းသိမ်းနေတတ်သေးသည်။လီလျိုကသူနဲ့စကားပြောခဲ့တာအတော်လေးကိုကြာခဲ့ပြီဖြစ်သည်။သူကထိုလူကိုသူ့မိတ်ဆွေအဖြစ်သတ်မှတ်ထားခဲ့ပြီဖြစ်၏။

လက်ရှိလူမှုအသိုင်းအဝိုင်းရဲ့homosexualityကအရမ်းကြီးမမြင့်သေးသော်လည်းလီလျိုကတော့သူ့မိတ်ဆွေကိုမလှည့်ဖြားချင်ပေ။အကယ်၍သူသာ{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}အားသူအမျိုးသားကိုသဘောကျတယ်ဆိုတာပြောလိုက်လို့သူလက်မခံနိုင်ခဲ့ရင်သူတို့နှစ်ယောက်ရဲ့ဆက်သွယ်မှုကလျော့နည်းသွားလိမ့်မည်။

{ကျော်ကြားမှုမှင်အထက်မှကလောင်} : [ငါကတစ်လောလေးကမှမင်္ဂလာဆောင်လိုက်တာ{ရှက်ရွံ့}]

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကလည်းသူအမျိုးသားတစ်ယောက်ဆိုတာသိထားသည်။လီလျိုထိုစာလုံးတွေကိုရိုက်လိုက်ပြီးနောက်အသက်ရှုအောင့်ထားပြီးကွန်ပျူတာမျက်နှာပြင်အားကြည့်နေမိ၏။တကယ်တော့သူဒီ{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ဆိုတဲ့သူငယ်ချင်းအားအတော်လေးအလေးထားသည်။

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} : [အမ်း,ငါလည်းဟိုးတုန်းကတည်းကတိတ်တဆိတ်ချစ်ခဲ့ရတဲ့သူနဲ့အတူတူဖြစ်နေပြီ,ပြီးတော့သူကလည်းအမျိုးသားတစ်ယောက်ပဲ]

{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}ကလည်းဂေးတစ်ယောက်ဖြစ်နေမယ်လို့လီလျိုမထင်ထားခဲ့မိပေ။ဒါ့အပြင်သူကတိတ်တဆိတ်ချစ်နေရတဲ့သူတောင်ရှိနေတယ်...

သူ့ရဲ့ထင်မြင်ချင်အရဆိုရင်{မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်} ကအောင်မြင်တဲ့အမျိုးသားတစ်ယောက်ဖြစ်လိမ့်မည်။ပြီးတော့ပြဿနာများကိုလည်းအလွန်တည်ငြိမ်စွာဖြင့်အားကိုးစရာကောင်းအောင်ကိုင်တွယ်နိုင်သည်။ဒီလိုလူမျိုးကတစ်စုံတစ်ယောက်ကိုတိတ်တဆိတ်ချစ်နေခဲ့မယ်လို့လီလျိုစဉ်းစားလို့တောင်မရဘူး။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now