ချူးဝူရုံသည်လီလျိုအားတစ်သက်တာလုံးပိုင်ဆိုင်ခွင့်ရလိုသည်။အကယ်၍လီလျိုကိုအတင်းအကြပ်နေခိုင်းခဲ့ရင်ဖြစ်လာမယ့်အကျိုးဆက်များကိုပါသူစဉ်းစားခဲ့ဘူးသည်။လီလျိုကအစမှာဘာမှမစဉ်းစားတာဖြစ်ကောင်းဖြစ်နိုင်သော်လည်းအဆုံးမှာတော့သူ့ကိုမုန်းတီးသွားနိုင်သည်လေ။

သူကတစ်ခြားသူတွေကိုသာရက်စက်ရင်ရက်စက်လိမ့်မယ်ဒါပေမဲ့သူဂရုအစိုက်ဆုံးလူဆိုရင်တော့လီလျိုကသူ့ကိုမုန်းတီးတဲ့အကြည့်တစ်ချက်ပဲပေးတာဆိုရင်တောင်အဲ့ဒါကသူ့နှလုံးသားကိုထက်ရှတဲ့ဓားတစ်ချောင်းနဲ့ဖြတ်လိုက်သလိုမျိုးသွေးထွက်နိုင်လောက်တဲ့အထိအမှတ်အသားချန်ထားရစ်ခဲ့မှာ....

နောက်တစ်နေ့မနက်အစောပိုင်းမှာချူးဝူရုံကရွှမ်မင်းနန်းတော်ရဲ့ကိစ္စအဝဝကိုလက်လွှဲလိုက်လေသည်။သူနဲ့လီလျိုတို့ကအမတကျွန်းရဲ့ဝင်ခွင့်လက်မှတ်ပေါ်ရှိသော့ပုံစံတူအပြာရောင်သလင်းကျောက်ထဲသို့သူတို့ရဲ့သွေးများကိုဆက်တိုက်ချလိုက်ကြသည်။

အမတကျွန်းပွင့်ပြီးနောက်မှာလိုအပ်ချက်များနဲ့ကိုက်ညီတဲ့ကျင့်ကြံသူများသည်အမတကျွန်းတို့သွားရောက်ဖို့လိုအပ်သည်။သူတို့ရဲ့သွေးကိုအမတကျွန်းရဲ့ဝင်ခွင့်လက်မှတ်ပေါ်မှာချလိုက်သ၍လက်မှတ်ကကျင့်ကြံသူများအားအမတကျွန်းရှိရာသို့သွားနိုင်ရန်အလိုအလျောက်လမ်းညွှန်ပေးမှာဖြစ်သည်။

သွေးကလက်မှတ်ကိုထိလိုက်တာနဲ့မူလကအရောင်မဲ့နေသည့်လက်မှတ်သည်ချက်ချင်းပင်တောက်ပသည့်အလင်းတန်းများဖြာထွက်လာပြီးသူတို့လက်ထဲမှနေ၍လေလယ်ရှိရာသို့မျောလွင့်သွား၏။ထို့နောက်သေးငယ်သည့်အလင်းတန်းတစ်ခုကသော့ရဲ့ထိပ်တည့်တည့်မှနေ၍အရှေ့တောင်ဘက်သို့ညွှန်ပြလာသည်။

ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက်သော့ပုံစံလက်မှတ်ကလေလယ်မှနေ၍ပြန်ပြုတ်ကျလာပြီးလီလျိုနှင့်ချူးဝူရုံတို့ရဲ့လက်ထဲတစ်ဖန်ပြန်ရောက်သွားသည်။

ချူးဝူရုံသည်ပျံသန်းနိုင်သည့်ဝိဉာဏ်ကိရိယာအားထုတ်ယူလိုက်ကာထိုအပေါ်တွင်လီလျိုနှင့်အတူထိုင်လိုက်ပြီးမှလက်မှတ်မှညွှန်ပြနေသည့်နေရာဘက်သို့မောင်းနှင်သွားလိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now