ဒီနှစ်ပေါင်းနှစ်ရာကျော်အတွင်းမှာသူသည်နည်းလမ်းတစ်ခုကိုကြာမြင့်စွာစဉ်းစားပြီးသူဒီကမ္ဘာကနေအဆုံးမှာတော့ထွက်သွားရမှာပဲဖြစ်ကြောင်းချူးဝူရုံကိုသေချာရှင်းပြထားသည်။တကယ်တော့အခြေအနေမှန်တစ်ခုလုံးကိုတော့သူ့ပါးစပ်မှမပြောပြနိုင်ပေ။

ချူးဝူရုံသည်လည်းထိုမောင်နှမနှစ်ယောက်ပေါ်လာတာနဲ့သူတို့မကြာခင်ခွဲရတော့မယ်မှန်းသိထားသည်။

သို့သော်ချူးဝူရုံကသူသိလိုက်သည့်အချိန်ကစပြီးနေရာစုံ၌လုပ်ရန်သာသူ့ကိုဖိအားပေးခဲ့ပြီးသူ့ရဲ့အတွင်းရောအပြင်ရောကိုပါသူ့ရဲ့ရနံံ့ဖြင့်ဖုန်းလွှမ်းစေခဲ့သည်။

ပြီးမှသာသူ့ကိုပါခေါ်၍ထွက်လာပြီးထိုမောင်နှစ်မနှစ်ယောက်ကိုပြန်ခေါ်လိုက်သည်။

"ဝူရုံ,အမတကျွန်းနောက်တစ်ကြိမ်ပွင့်တာကိုစောင်ပြိးမှသွားကြတာပေါ့"

လီလျိုကသူ့ခေါင်းကိုငုံ့ပြီးသူ့လက်ကိုကြည့်လိုက်သည့်အခါရုတ်တရက်သိသွားရတာကသူ့လက်များကိုသတိမမူမိစွာဖြင့်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိတာကိုပင်။

ချူးဝူရုံကသူ့လက်ကိုဆွဲယူ၍လီလျိုရဲ့လက်ချောင်းများကိုဖွင့်လိုက်ကာသွေးထွက်လုနီးပါးဖြစ်နေသည့်အရာလေးများရှိသည့်လက်ဖဝါးအလယ်ကိုခပ်ဖွဖွညှစ်လိုက်သည်။ထို့နောက်သူ့လက်ကိုလီလျိုရဲ့လက်ပေါ်တင်လိုက်၍ဆုပ်ကိုင်ုလိက်၏။သူကလီလျိုရဲ့မေးစေ့ကိုပင်မလိုက်ပြီးသူ့မျက်လုံးထဲကြည့်လိုက်သည်။

"မဟုတ်ဘူး,ကိုယ်တို့မနက်ဖြန်အာရုဏ်တက်လောက်မှာသွားကြတာပေါ့"

အကယ်၍သူတို့ဒီတစ်ခေါက်ကိုလွဲချော်သွားရင်အမတကျွန်းနောက်တစ်ဖန်ပွင့်ဖို့အတွက်နောက်ထပ်နှစ်ပေါင်းတစ်ထောင်ထပ်စောင့်ရလိမ့်မည်။

အဲ့ဒီနှစ်တစ်ထောင်အတွင်းမှာသူ့အနေနဲ့သူ့ကျင့်ကြံဆင့်ကိုဖိနှိပ်ထားဖို့မဖြစ်နိုင်ဘူး..အဲ့ဒါကြောင့်သူSynthesisအဆင့်ကိုချိုးဖြတ်နိုင်သွားလိမ့်မယ်...တကယ်တော့ဒီနှစ်သုံးရာကျော်အတွင်းမှာပဲသူ့ကျင့်ကြံဆင့်ကိုလုံလောက်အောင်ဖိနှိပ်ထားနိုင်မှာ...

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now