ထိုအချိန်မှာတော့ဟန်ကွော်အမတသခင်ကAscensionအဆင့်ရဲ့အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ပြီးဗလာအဆင့်ကိုချိုးဖြတ်ကာအမတအဆင့်ကိုရောက်နိုင်ဖို့နားလည်မှုတစ်ချို့သာလိုအပ်တော့သည်။

သူကသူ့ရဲ့ကိုယ်ပိုင်သွေးအဆီအနှစ်ကိုအသုံးချ၍ထျန်းယွင်တိုက်ကြီးသို့ရောက်လာသည်။ထျန်းယွင်တိုက်ကြီးတစ်ခုလုံးကိုခရီးသွားပြီးနောက်မှာတော့နောက်ဆုံးနားလည်သဘောပေါက်မှုကိုရုတ်တရက်ကံကောင်းထောက်မစွာရရှိခဲ့သည်။

ထျန်းယွင်တိုက်မကြီးကသူ့အတွက်ပေးခဲ့တဲ့အကူအညီကိုပြန်လည်ပေးဆပ်နိုင်ရန်အတွက်ဟန်ကွော်အမတသခင်ကသူAscensionအဆင့်နောက်ဆုံးကိုတက်ပြီးအမတမဖြစ်သွားခင်မှာသူအမတဖြစ်ပြီးသွားရင်မလိုအပ်တော့သည့်သူ့ရဲ့ဝိဉာဏ်ကိရိယာတွေမှော်ရတနာတွေအားလုံးကိုသူ့ရဲ့ကိုယ်ပိုင်အမတအိမ်တော်ထဲထည့်သွင်းပြီးထျန်းယွင်တိုက်မကြီးထံပစ်ထုတ်ပေးခဲ့သည်။

ဒါ့အပြင်သူ့ရဲ့ထူးခြားတဲ့တည်ဆောက်ပုံကြောင့်သူ့မူလတိုက်ကြီးမှာနှစ်ထောင်ပေါင်းများစွာရှာဖွေသော်လည်းဆက်ခံသူမရှိခဲ့ပေ။သူကသူတည်ထွင်ထားသည့်ကျင့်ကြံရေးနည်းလမ်းများကိုအမတအဖြစ်ချောချောမွေ့မွေ့ကျင့်ကြံနိုင်သည်ဖြစ်စေမဖြစ်နိုင်သည်ဖြစ်စေလက်ဆင့်ကမ်းပေးချင်ခဲ့သည်။

ထို့ကြောင့်ဟန်ကွော်အမတသခင်ကသူ့ရဲ့အမတအိမ်တော်ထဲတွင်နောက်နန်းဆက်ခံသူအားပြသရန်ဝှက်ထားသည့်နန်းတော်တစ်ခုကိုတည်ဆောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင်သူသည်နန်းတော်အတွင်း၌ဤတိုက်ကြီးသို့သူရောက်ရှိခဲ့ကြောင်းမှတ်တမ်းနှင့်ပတ်သက်၍သူ၏ကိုယ်ပိုင်မှတ်စုကိုလည်းထားထားခဲ့သည်။

တကယ်တော့သူ့ရဲ့အမြင်အရဆိုရင်ဒိတိုက်မကြီးရှိဝိဉာဏ်စွမ်းအားများကသူလာခဲ့တဲ့တိုက်မကြီးထက်ပိုပြီးပါးလွှာသည်။ပြီးတော့ကျင့်ကြံသူများရေရှည်ကျင့်ကြံဖို့အတွက်အထောက်အကူမပြုနိုင်ပေ။

အချက်များမထင်မှတ်စွာပေါင်းစပ်မှုအောက်မှာလူလတ်ပိုင်းကြီးသည်ဟန်ကွော်အမတသခင်ကသူ့ရဲ့ဆက်ခံသူအတွက်ထားခဲ့သောထိုလျို့ဝှက်နန်းတော်ထဲသို့မှားယွင်းစွာရောက်ရှိသွားခဲ့သည်။သို့သော်သူကဟန်ကွော်အမတသခင်ရဲ့လိုအပ်ချက်များကိုမဖြည့်ဆည်းနိုင်ခြင်းကြောင့်ဟန်ကွော်အမတသခင်ချန်ခဲ့သည့်ကျင့်ကြံရေးနည်းလမ်းကိုမရနိုင်ခဲ့ပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now