ထို့ကြောင့်လည်းလီလျိုကသူ့အနမ်းတွေကိုမငြင်းဆန်ပဲသူ့ရဲ့အပြုအမူတွေအပေါ်မှာရွံရှာတာတွေဒေါသထွက်တာတွေကိုမဖော်ပြတာကိုမြင်ရတဲ့အခါသူ့နှလုံးသားတစ်ခုလုံးကပိုပြီးများပြားလှတဲ့ပျော်ရွှင်မှုများနှင့်အရိုက်ခံလိုက်ရပြီးလီလျိုကိုပိုလို့တင်းတင်းကြပ်ကြပ်ဖက်ပွေ့ထားမိတော့သည်။

ရှည်လျားလှတဲ့အနမ်းကြီးအဆုံးသတ်ပြီးနောက်ချူးဝူရုံကလီလျိုရဲ့နှုတ်ခမ်းအားအကြိမ်အနည်းငယ်ထပ်နမ်းလိုက်သေးသည်။သူ့အသံသည်လည်းအရင်လိုအေးစက်မနေတော့ပဲနွေဦးကိုဖြတ်တိုက်သွားတဲ့လေပြေလိုမျိုးနွေးထွေးနေသည်။

"ကိုယ်မင်းကိုပြန်ခေါ်သွားမယ်"

လီလျိုရဲ့ဦးနှောက်ကအောက်စီဂျင်နည်းပါးမှုကြောင့်ကောင်းကောင်းမတွေးနိုင်သေးပေ။ချူးဝူရုံရဲ့စကားကိုကြားပြီးနောက်သတိမမူမိစွာဖြင့်ခေါင်းညိတ်ပြလိုက်သည်။

ချူးဝူရုံကလီလျိုကိုလက်ထဲမှာပွေ့ထားရင်းဖြင့်ပင်လီလျိုအားခေါ်ပြီးလှည့်ထွက်သွားဖို့ပြင်လိုက်သည်။မြေပြင်မှာတော့ချူးဝူရုံကလီလျိုကိုပြင်းပြင်းထန်ထန်နမ်းနေတာမြင်ပြီးနောက်လီလျိုအားပြန်ခေါ်ရန်ပြင်ဆင်နေသည့်ဟုန်ရှို့ကဝူရှင်းနဲ့ဝူချွန်ရဲ့တားဆီးခြင်းကိုခံလိုက်ရသည်။သူမကစိုးရိမ်ပူပန်စွာဖြင့်ကျန်တဲ့လက်အောက်ငယ်သားနှစ်ယောက်ကိုခေါ်လိုက်ပြီးသုံးယောက်သားချက်ချင်းပင်ပိုမိုမြန်ဆန်စွာတိုက်ခိုက်ကြတော့လေသည်။

ဝူရှင်းနှင့်ဝူချွန်သည်လည်းချူးဝူရုံရဲ့အယုံကြည်ရဆုံးလက်ရုံးတွေဆိုတဲ့သူတို့အဆင့်ကိုမဆုံးရှုံးချင်တာကြောင့်သုံးယောက်လုံးရဲ့ထိုးစစ်ကတစ်ဖြည်းဖြည်းနဲ့ပိတ်ဆို့ခံလာရသည်။

ဟုန်ရှို့ရဲ့စိုးရိမ်ပူပန်နေတဲ့မျက်လုံးများကအနည်းငယ်နီရဲနေသည်။

"ချူးဝူရုံ,ရှင်သခင့်ကိုမြန်မြန်လွှတ်ပေးစမ်း!"

ဟုန်ရှို့ရဲ့စကားကိုကြားပြီးနောက်ချးူဝူရုံသည်သူ့လက်မောင်းထဲမှာသက်တောင့်သက်သာမှီနေပြီးသူ့ကိုစိုစွတ်မြူစိုင်းနေသည့်မျက်လုံးများဖြင့်ကြည့်နေသည့်လီလျိုအားတစ်ချက်ကြည့်လိုက်ပြီးမှသူ့ကိုယ်ကိုဟုန်ရှီု့ဘက်လှည့်လိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now