အခုတော့ရှောင်းချီကသူ့ကိုတစ်ယောက်ယောက်လာတယ်လို့ပြောတာလား?

ဒီလူကချူးဝူရုံတော့မဖြစ်နိုင်ဘူး...ပြီးတော့လည်းသူကအခုမှကြာပန်းအမတလှိုင်ဂူထဲမှာအခွင့်အရေးရှာနေတုန်းပဲရှိဦးမယ်

အဲ့ဒီတော့အခုလာတဲ့လူကတကယ်ပဲဘယ်သူလဲ?

လီလျိုသည်မနေနိုင်ပဲမျက်လုံးကိုဖွင့်ပြီးတံခါးရှိရာဘက်ဖြစ်သည့်သူ့ရှေ့ကမှောင်မဲနေသည့်နေရာအားသိချင်စိတ်ဖြင့်ကြည့်မိသည်။

လီလျိုအနေနဲ့သိပ်တော့မစောင့်လိုက်ရပေ..လက်ဖက်ရည်ခွက်တစ်ဝက်လောက်သောက်ပြီးချိန်လောက်မှာသူ့အခန်းတံခါးအပြင်ဘက်မှအသံအနည်းငယ်ထွက်လာသည်။ထို့နောက်သူ့ရှေ့ကတင်းကြပ်စွာပိတ်ထားတဲ့အကျဉ်းထောင်တံခါးကဖြေးညှင်းစွာပွင့်သွား၍အပြင်ဘက်မှအလင်းရောင်ဖျော့ဖျော့ကတစ်ချိန်တည်းမှာဝင်ရောက်လာ၏။

အလင်းကဖျော့တော့ပြီးမရှင်းမလင်းဖြစ်နေသော်လည်းအမှောင်ထဲမှာအချိန်အတော်ကြာသည်အထိနေခဲ့ရသည့်လီလျိုကတော့မျက်လုံးကိုကျဉ်းမြောင်းလိုက်ရဆဲပင်။ထိုအချိန်မှသာအကျဉ်းထောင်တံခါးရှေ့မှာရပ်နေသည့်ပိန်သွယ်ပြီးတင့်တယ်လှပသောပုံသဏ္ဍာန်တစ်ခုကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

"သခင်"

ထိုပိန်သွယ်သည့်ပုံသဏ္ဍာန်ကလျင်မြန်စွာချဉ်းကပ်လာသည်။အသံကအလွန်ကိုဆွဲဆောင်မှုရှိပြီးနားထောင်ရတာအတော်လေးသာယာနာပျော်ဖွယ်ကောင်းလှသည့်အပြင်စိတ်အားထက်သန်မှုလည်းရှိနေကာသူ့အပေါ်အတော်လေးစိတ်ပူနေကြောင်းသိသာထင်ရှားနေသည်။

"ကောင်းလိုက်တာ..တကယ်ကိုသခင်ပဲ...ဒီလက်အောက်ငယ်သားကသခင်ကိုဒီကနေခေါ်ထုတ်သွားပေးပါ့မယ်"

ထိုလူရဲ့မျက်နှာကသူ့အသံလိုပင်အတော်လေးလှပပြီးဆွဲဆောင်မှုရှိကာလှုပ်ရှားမှုတိုင်းမှသဘာဝအလျှောက်ညှို့ယူဖျားယောင်းသည့်အသွင်အပြင်ကိုထုတ်လွှင့်နေသည်။

လီလျိုသည်သူ့ကိုလျင်မြန်စွာချဉ်းကပ်လာနေသည့်လှပပြီးဆွဲဆောင်မှုရှိလှသောအမျိုးသမီးကိုကြည့်နေမိသည်။ရုတ်တရက်သူ့စိတ်ထဲမှာဇာတ်ကောင်စာရင်းတစ်ခုပေါ်လာ၏——ယွင်ထျန်ဟန်းလက်အောက်ကညာလက်ရုံးနတ်ဆိုးသံတမာန်ဟုန်ရှို့...

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now