ချူးဝူရုံသည်သူ့ရဲ့ကိုယ်ပိုင်အစေခံအဖြစ်များရွေးချယ်ခံရမလားဆိုပြီးမျှော်လင့်ချက်များစွာဖြင့်ကြည့်နေကြသည့်လူအုပ်ကိုဆက်မကြည့်တော့ပေ။သူ့ရဲ့သွယ်လျတဲ့လက်ချောင်းထိပ်မှရွေရောင်အလင်းတစ်စက်သာထုတ်လိုက်သည်။ပြီးနောက်တစ်ဖက်သို့လှည့်ကာသူ့အခန်းထဲသို့နောက်တစ်ဖန်ပြန်ဝင်သွားရင်းစကားတစ်ခွန်းသာချန်ရစ်ခဲ့သည်။

"ရွေပုတီးစေ့ကိုရတဲ့သူကနောက်ချန်နေခဲ့ပြီးကျန်တဲ့သူတွေထွက်သွားကြတော့"

လီလျိုသည်သူ့မျက်စိရှေ့မှာရွှေရောင်အစက်လေးတစ်ခုပေါ်လာသည်ကိုသာမြင်လိုက်ရပြီးသူ့လက်ထဲမှာချောမွေ့ပြီးလုံးဝန်းနေသည့်ရွှေရောင်ပုတီးစေ့လေးကိုခံစားလိုက်ရလေ၏။

လီလျိုဘေးကလူတိုင်းသူတို့ခေါင်းကိုအနည်းငယ်နှိမ့်ထားကြသော်လည်းချူးဝူရုံပြောတဲ့ရွှေပုတီးစေ့ဘယ်ကိုရောက်သွားလဲဆိုတာကိုတော့လူတိုင်းတိတ်တဆိတ်အာရုံစိုက်ထားကြသည်။ထိုအချိန်မှာလီလျိုရဲ့လက်ထဲပုတီးစေ့ကျသွားသည်ကိုပုံမှန်ပင်လူတိုင်းမြင်လိုက်ကြရသည်။ချက်ချင်းဆိုသလိုမနာလိုဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတဲ့မျက်လုံးတွေဟာလီလျိုရဲ့ခန္ဓာကိုယ်အပေါ်ကျဆင်းသွားရလေသည်။

လီလျိုရဲ့ဘေးမှာရပ်နေတဲ့လူငယ်လေးဆီမှာတော့မနာလိုမှုအနည်းငယ်သာရှိသည်။သူကလီလျိုရဲ့ပုခုံးကိုပုတ်လိုက်ပြီးတီးတိုးပြောလိုက်၏။

"ရှောင်းလျို,မင်းကိုသခင်ကဒီမှာအလုပ်လုပ်ဖို့ရွေးလိုက်ပြီဆိုတော့အရမ်းကံကောင်းတယ်...တကယ်လို့မင်းမှာအချိန်ပိုရှိရင်ငါ့ဆီလာပြီးဆော့ဖို့မမေ့နဲ့နော်"

ပြီးနောက်သူသည်လည်းအကြာကြီးဆက်မနေတော့ပဲလူအုပ်နောက်ကနေသာလိုက်ပြန်သွားလိုက်သည်။သူတို့လီလျိုကိုမနာလိုဖြစ်မိသော်လည်းနံရံနဲ့ပိုင်းခြားထားတဲ့အခန်းထဲကချူးဝူရုံကြောင့်သူတို့အနေနဲ့ဒီသိပ်မကြီးတဲ့ခြံဝင်းထဲကနေတိတ်တဆိတ်သာထွက်သွားကြရသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာလောက်မှာတော့ခြံဝင်းထဲမှာလီလျိုကလွဲပြီးဘယ်သူမကျန်တော့ပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now