လီလျိုကလူငယ်လေးများရဲ့နောက်မှာရပ်နေပြီးပျော်ရွင်နေသည့်သဲလွန်စတစ်ချို့ကသူ့မျက်လုံးထဲဖြတ်ပြေးသွားရသည်။

ဒီပုံစံဆိုရင်သူလနက်ခန်းမထဲဝင်ပြီးချူးဝူရုံကိုရှာဖို့နည်းလမ်းစဉ်းစားစရာမလိုတော့ဘူး..

တစ်ခြားလူငယ်လေးများလိုပင်လီလျိုကချက်ချင်းသူ့ခေါင်းကိုငုံ့လိုက်ပြီးလေးစားစွာဖြင့်သဘောတူလက်ခံကြောင်းအသံပြုလိုက်သည်။

ထိုလူကြီးကကျေနပ်အားရစွာခေါင်းတစ်ဆတ်ဆိတ်ညိတ်၍လူငယ်အုပ်စုအားလနက်နန်းတော်ခန်းမထဲဦးဆောင်ခေါ်သွားပေးလေသည်။

အပြင်ပိုင်းကဲ့သို့ပင်လနက်နန်းတော်ရဲ့အတွင်းပိုင်းကိုနေရာတိုင်းကျောက်စိမ်းဖြင့်ထွင်းထုဆင်ယင်ထားသည်။နန်းတော်ခန်းမထဲကဘယ်နေရာကမှလက်ရာမမြောက်တာတွေမလှတာတွေမရှိပဲကြည့်ရတာအတော်လေးကိုတောက်ပ၍လွှမ်းမိုးနိုင်သည်။

ချူးဝူရုံကဒီလိုဇိမ်ခံပုံစံမျိုးကိုနှစ်ခြိုက်တဲ့သူမျိုးမဟုတ်ပေ။အထဲကအရာအားလုံးကယွင်ထျန်ဟန်းနတ်ဆိုးသခင်နေရာကိုသိမ်းပိုက်နိုင်ပြီးနောက်မှာဒီလိုပြင်ဆင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိဒီလိုပုံစံမျိုးဖြစ်သွားခြင်းပင်။

လီလျိုကတစ်ခြားလူငယ်လေးများလိုဟန်ဆောင်ပြီးစည်းမျဉ်းစည်းကမ်းကိုနားလည်ဟန်ဖြင့်ခေါင်းကိုအနည်းငယ်ငုံ့ထားကာလူကြီးနောက်ကလိုက်ပါသွားသည်။ပတ်ဝန်းကျင်မြင်ကွင်းကိုကြည့်ဖို့သူ့ခေါင်းကိုမမော့ရဲပေ။

****

လူတိုင်းရှည်လျားသည့်စင်္ကြန်လမ်းတစ်လျှောက်ကိုလျှောက်နေကြကာရေမျက်နှာပြင်ပေါ်ရှိအလင်းတန်းများလိုလှိုင်းလေးတွေကစင်္ကြန်လမ်းအထက်တွင်ထပ်ဟပ်နေ၏။သူတို့ထွက်ပေါက်ကိုရောက်ခါနီးအချိန်လူကြီးကတစ်စုံတစ်ယောက်ကိုသတိပြုမိဟန်ဖြင့်သူ့ခြေလှမ်းများရုတ်တရက်ရပ်တန့်သွားပြီးသူ့ရှေ့ကိုလေးစားစွာမျက်နှာမူလိုက်သည်။

လွန်ခဲ့တဲ့တစ်ခဏကသူ့ရဲ့ထောင်လွှားသောပုံပန်းသဏ္ဍာန်သည်လည်းလုံးဝပျောက်ကွယ်သွားသည်မှာသူကဒီအတိုင်းသေးငယ်တဲ့လူတစ်ယောက်ဖြစ်ပြီးလွတ်လပ်စွာဒူးထောက်နိုင်သည့်တန်ဖိုးမရှိသောသူတစ်ယောက်လိုပင်။ထိုလူကြီးကအလွန်လေးစားနေသည့်အသံဖြင့်ခေါ်လိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now