ဂျင်ချန်းဂျီရဲ့အသက်ရှုသံခဏမျှရပ်တန့်သွားကာသူ့ကိုယ်သူမထိန်းချုပ်နိုင်ပဲခေါင်းကိုငုံ့ချလိုက်၏။ပြီးနောက်လီလျိုရဲ့လျှာဖျားထိပ်လေးကိုစုပ်ယူစွဲလိုက်ရင်းသူ့နှုတ်ခမ်းကလီလျိုရဲ့နူးညံ့သောနှုတ်ခမ်းပေါ်ဖိကပ်ချကာညင်သာစွာဖြင့်စုပ်လိုက်နမ်းလိုက်လုပ်နေသည်။

လီလျိုကတော့မသက်မသာခံစားရပုံပေါ်ပြီးညည်းညူသံဖျော့ဖျော့ထွက်လာ၏။လီလျိုရဲ့အသံကိုကြားလိုက်သည်နှင့်ဂျင်ချန်းဂျီရဲ့မျက်လုံးထဲကအနက်ရောင်အလင်းကပိုလို့နက်ရှိုင်းသွားသည်။လီလျိုရဲ့နှုတ်ခမ်းဆီမှဖယ်လိုက်ပြီးနောက်အသက်ကိုပြင်းပြင်းရှုလိုက်မှသာလီလျိုကိုသိမ်းပိုက်လိုသည့်စိတ်ဆန္ဒကိုဖိနှိပ်လို့ရသွားသည်။

ဂျင်ချန်းဂျီသည်သူ့ဆီကအနမ်းခံရပြီးနောက်အရည်လဲ့သွားသည့်လီလျိုရဲ့နှုတ်ခမ်းလွှာကိုကြည့်ပြီးလီလျိုရဲ့အိပ်ပျော်နေတဲ့မျက်နှာကိုတစ်ချက်ငေးကြည့်လိုက်ပြီးမှနောက်တစ်ဖန်သူ့ခေါင်းကိုငုံ့လိုက်ပြန်သည်။လီလျိုရဲ့နှုတ်ခမ်းကိုနောက်တစ်ခေါက်ညင်သာစွာနမ်းလိုတဲ့စိတ်ဆန္ဒကိုတော့မတွန်းလှန်နိုင်လေဘူး။

လက်ရှိအနမ်းကသူ့ရဲ့အလိုဆန္ဒအားအနည်းငယ်သာကျေနပ်စေနိုင်သည်။သို့သော်ဒီလိုကျေနပ်ရောင့်ရဲနိုင်ခြင်းသည်လည်းဒီလူအပေါ်သူ့ရဲ့အလိုဆန္ဒများတိုးလာခြင်းကြောင့်သာဖြစ်လိမ့်မည်။

သူကဒီလိုလူမျိုးဖြစ်လာလိမ့်မယ်လို့ဂျင်ချန်းဂျီတစ်ခါမှမတွေးခဲ့ဘူးပေ။သူကအမြဲတမ်းကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ခဲ့တဲ့သူဖြစ်သော်လည်းဒီရက်တွေအတွင်းမှာတော့သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့တဲ့အခြေအနေကဆက်တိုက်ဖြစ်ပေါ်နေသည်။

တစ်ခြားတစ်ဖက်မှာတော့မူလကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့လီလျိုကသူ့စိတ်ထဲကရုတ်တရက်အသံကြောင့်နိုးလာရသည်။

[ကြီးမြတ်တဲ့hostရေ,စွမ်းအင်ဖြည့်စည်းပြီးပါပြီ~]

ရှောင်းချီရဲ့အသံကြောင့်နိုးလာပြီးနောက်မှာပထမဆုံးသူသတိပြုမိတဲ့အရာကရှောင်းချီအသံမဟုတ်ပဲသူ့နှုတ်ခမ်းပေါ်ကရှင်းလင်းနေတဲ့အနမ်းကိုသာပင်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now