Return to the University (6)

Start from the beginning
                                    

systemရဲ့စွမ်းရည်အပြည့်အဝပြန်မရပဲနဲ့[နတ်ဆိုးသခင်ရဲ့အမတလမ်းစဉ်]စာအုပ်ထဲသို့ပြန်လို့မရဘူးဆိုတာလီလျိုသိထားသည်။ထို့ကြောင့်အေးချမ်းသက်သာတဲ့စိတ်အခြေအနေနဲ့သာသူ့ရဲ့တက္ကသိုလ်နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသည်။

သူ့နှလုံးသားကအဲ့ဒီကမ္ဘာထဲကချူးဝူရုံအကြောင်းလုံးဝမတွေးမိတာတော့မဟုတ်ပေ။သို့ပေမယ့်သူပြန်သွားချင်တယ်ဆိုရင်တောင်systemရဲ့အင်အားမပြည့်မချင်းမဖြစ်နိုင်ဘူးလေ..

အဲ့ဒီလိုဆိုမှတော့သူ့ဒုက္ခကိုတိုးပွားအောင်မလုပ်ချင်တော့ဘူး..ဘယ်လိုပဲဖြစ်ဖြစ်အခြေအနေတစ်ခုနဲ့တော့သူနောက်ဆုံးမှာပြန်သွားမှာပဲ...သူ့အနေနဲ့ရှောင်းချီသူ့ကိုပြန်လို့ရပြီဆိုတဲ့အကြောင်းကိုအကြောင်းကြားလာသည်အထိသာစောင့်ဖို့လိုအပ်တယ်...

သူပြန်သွားလို့ရပါ့မလားဆိုတဲ့အကြောင်းနေ့တိုင်းစိတ်ပူနေမယ့်အစားဒီလိုပြန်လာခွင့်ရဖို့ခက်ခဲလှတာကိုအခွင့်ကောင်းယူပြီးတော့သာသူ့ကောလိပ်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ကအကောင်းဆုံးပဲ။

ဘယ်လိုပဲဖြစ်ဖြစ်သူ့လိုမျိုးကောလိပ်ကိုပြန်လာခွင့်ရပြီးကျောင်းသားတစ်ယောက်လိုသက်တောင့်သက်သာနဲ့နေနိုင်တယ့်သူရှိမှာမဟုတ်ဘူး

****

ပြီးတော့ဒီနှစ်နှစ်မှာဂျင်ချန်းဂျီနဲ့အတူအဆက်အဆံလုပ်တဲ့အချိန်ဂျင်ချန်းဂျီကတစ်ခါတစ်လေမှာသူအရမ်းကိုကျွမ်းဝင်နေတဲ့ချူးဝူရုံ၊အဲလ်ဗစ်နှင့်ချင်ယုတိုရဲ့အကျင့်စရိုက်အပြုအမူတစ်ချို့နဲ့အတော်လေးဆင်တူတာတွေရှိနေကြောင်းရှာဖွေတွေ့ရှိထားသည်။

ထိုကိစ္စကိုလီလျိုရှာတွေ့ပြီးနောက်မှာဂျင်ချန်းဂျီကိုတိတ်တဆိတ်လေ့လာမိသော်လည်းအဲ့ဒီအချိန်တွေကလွဲရင်တစ်ခြားဆင်တူတာမျိုးသိပ်ရှာမတွေ့ပေ။

သူကဂျင်ချန်းဂျီကိုကြင်နာတတ်ပြီးဂရုစိုက်သည်းခံတတ်တဲ့မိတ်ဆွေကောင်းတစ်ယောက်လို့သတ်မှတ်ထားသည်:အဲ့ဒါကြောင့်သူဆုံးဖြတ်လို့ရမယ့်တစ်ခြားလှုပ်ရှားမှုရှိမနေ...

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now