ချူးဝူရုံသည်အခုချိန်ထိပွဲကြည့်စင်မှာထိုင်နေပြီးအမူအယာမပြောင်းလဲသေးသည့်လီလျိုကိုသာကြည့်နေသည်။သူကအမြဲတမ်းတည်ငြိမ်ပြီးအေးဆေးသောသူတစ်ယောက်ဖြစ်သည်။

သူ့အတိတ်ဘဝတုန်းကသူရဲ့အရင်းနှီးဆုံးမိတ်ဆွေလို့အသိအမှတ်ပြုထားသည့်တစ်ဦးတည်းသောသူရဲ့သစ္စာဖောက်ခြင်းနဲ့ရင်ဆိုင်ခဲ့ရတုန်းကတောင်ထိတ်လန့်မှုအနည်းငယ်မျှမရှိခဲ့ချေ။သို့သော်အခုတော့တိတ်တဆိတ်ဖြင့်သူ့အင်္ကျီလက်ထဲကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

ချူးဝူရုံမှာလီလျိုရဲ့မျက်လုံးကိုကြည့်ရုံနဲ့ဘာမှမတွေ့နိုင်ပဲသူအကြည့်ထဲတွင်ရှာတွေ့ဖို့ခက်ခဲလှသည့်စိတ်လှုပ်ရှားမှုတစ်ချို့ရှိနေသည်။

လက်ရှိအခြေနေကသူ့အတွက်အလွန်ဆိုးရွားသည်ဟုထင်ရသော်လည်းတကယ်တော့သူတို့ကသူ့ရဲ့နတ်ဆိုးအတတ်ကျင့်ကြံသူဆိုတဲ့အကြောင်းကိုတိုက်ရိုက်ဖော်ထုတ်နိုင်သွားခဲ့ရင်တောင်သူ့မှာဤအခြေအနေကနေလွတ်မြောက်နိုင်မယ့်နည်းလမ်းရှိပြီးသားဖြစ်သည်။

အများဆုံးမှဒဏ်ရာအနည်းငယ်လောက်ရ၍အချိန်တစ်ချို့ကြာအောင်ပြန်ကျင့်ကြံရမှာလောက်သာရှိပြီးဒီထက်မပိုပေ။

ဒါပေမဲ့သူဂရုစိုက်ဆုံးလူကိုတော့စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ပုံစံမပြချင်ဘူး

အကြီးအကဲကျောက်ကသူ့ခေါင်းကိုလှည့်ပြီးလီလျိုကိုကြည့်လိုက်သည်။

"ဒါကတကယ့်ကိုနတ်ဆိုးအတတ်ကျင့်ကြံသူရဲ့ဝိဉာဉ်စွမ်းအားပဲ...အကြီးအကဲကု...အရင်တုန်းကခင်ဗျားချူးဝူရုံနဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေတာမျိုးသိထားသေးလား?"

အကြီးအကဲကျောက်ရဲ့စကားကိုလီလျိုကြားမှပဲဘာလို့ချူးဝူရုံရဲ့ကိုယ်ကနေနတ်ဆိုးဝိဉာဉ်စွမ်းအားထွက်လာလဲဆိုတာကိုချက်ချင်းနားလည်သွားရသည်။ဒီကိစ္စကသူ့ဘေးမှာထိုင်နေတဲ့အကြီးအကဲကျောက်ရဲ့စနက်ဖြစ်လိမ့်မည်။

ဒါပေမဲ့အခုချိန်မှာသူ့အနေနဲ့ဘာသက်သေမှရှာမတွေ့နိုင်ပဲချူးဝူရုံရဲ့ကိုယ်ပေါ်မှလည်းတကယ့်ကိုနတ်ဆိုးအတတ်ကျင့်ကြံသူရဲ့ဝိဉာဉ်စွမ်းအားတွေထွက်နေသည်။အကြီးအကဲကျောက်ကဘယ်လိုနည်းလမ်းမျိုးသုံးလိုက်လို့ချူးဝူရုံကသူ့ကိုယ်မှနတ်ဆိုးဝိဉာဉ်စွမ်းအားထွက်လာခြင်းကိုမထိန်းချုပ်နိုင်ဖြစ်သွားလဲဆိုတာသူမသိပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now