🐰 Episode - 17 🐹

Start from the beginning
                                    


.
.
.
.
.

"Tae...ဂရုစိုက်ပြန်နော်"

ကားနားရောက်ခါနီးမှ အတင်းဆုပ်ကိုင်ထားတဲ့ Taehyung လက်လေးအား မသိမသာ ဖြုတ်ချရင်း ဆိုသည်။
တစ်ပါးသူအပေါ် စိတ်ယိုင်ပြီးမှ Taehyung အပေါ် သူဒီလိုဆက်ဆံလို့ ဖြစ်ပါ့မလား...
သူ့ကိုသိပ်ချစ်ပေးတဲ့ Taehyung ဟာ သူနဲ့မတန်သလို ခံစားရသည်။
သူ Taehyung မလိမ်ညာချင်...အမှန်အတိုင်း ပြောပြသင့်လား...သူဟာ Taehyung နဲ့တွဲနေချိန်မှာ တခြားသူအပေါ် စိတ်ယိုင်ဖူးပါတယ်လို့..

သူပြောလိုက်ရင် Taehyung ဘယ်လောက်
နာကျင်သွားရမလဲ...

"အင်း..Hyung..ဒါနဲ့ အိမ်တောင် တစ်ခါတလေ ပြန်မလာတော့ဘူးလား"

Seokjin နာနာကျင်ကျင် ပြုံးသည်။
သူ့ကို ဒီအိမ်တော်မှာ နေပြီးအလုပ်လုပ်ခိုင်းတဲ့ မိသားစုအိမ်ကို သူဘယ်လိုသွားရမလဲ...
သူမသွားချင်တော့ဘူး...မိသားစုကို လွမ်းပေမယ့် သူသွားမတွေ့ရဲခဲ့ဘူး...အဖေနဲ့အမေကိုမြင်တိုင်း ပိုနာကျင်ရသည်။သူသိပ်ချစ်တဲ့အဖေနဲ့အမေက သူ့အပေါ် ဒီလိုရက်စက်ရက်သလားပေါ့....

အင်း..နောက်တစ်ခု...အဖေသာ သဘောမတူခဲ့ရင်...
သူရော...သူ Jungkook အပေါ် ဒီလိုချစ်မိသွား
ပါ့မလား...သူဒီလို နာကျင်ရပါ့မလား...

"Arrnyi...ငါ အလုပ်ပြီးမှ ပြန်မယ်လို့ စဉ်းစားထား
တယ်...ပြီးတော့ Jeon မိသားစုဆိုတာ နာမည်ကြီး
မလား...Media တွေကလဲ ဒီမိသားစုကို စိတ်ဝင်
စားနေကြတာလေ...ငါသာ ဒီအိမ်ကနေ အဝင်အ
ထွက်အမြဲလုပ်နေရင်သူတို့ရိပ်မိသွားမှာ...အဲ့ကျရင် အဌားကိုယ်ဝန်ဆိုတာကြီးက ပိုရှုပ်ထွေးလာမှာ
ကွ...အဲ့ဒါကြောင့် ငါအိမ်ထဲကအိမ်ပြင်မထွက်
တာ...အခုတောင်မှ ဟိုတလောက မေမေကြီးဒဏ်ရာ
ရတာကို သတင်းရေးဖို့ချောင်းနေကြတာ..ငါ့သတင်း
ပါပါသွားရင် အဆင်မပြေတော့ဘူး...ပြီးတော့ ငါလူတွေကြားထဲ ပြောစရာမဖြစ်ချင်ဘူး Tae..
ငါအိမ်ကိုတော့ ဖုန်းအမြဲဆက်ဖြစ်ပါတယ်"

"အင်းပါ..Hyung သဘောပါ..ဘာပဲဖြစ်ဖြစ် Hyung သိထားဖို့က Hyung ဘာလုပ်လုပ် Hyung ဘက်မှာ ကျွန်တော်အမြဲရှိတယ်ဆိုတာပဲ...
နားလည်ပြီလား Kim Seokjin-ssi"

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now