" အမ ကားကို အဆင်သင့်ပေးထားမယ် Yuki သေချာပေါက် ရအောင်ယူပေးပါ ပြီးရင် အမ ဆိုင်မှာစောင့် "

" ဟုတ် အမ ။ ဖြစ်နိုင်ရင်တော့ အမလည်း သတိထားပါ "

" ဟုတ်ပြီ Yuki အမ ကား‌ပတ်မောင်းပြီးရင် အဲဒီနားပဲသွားစောင့်နေတော့မယ် "

" ဟုတ် အမ "

Chaeng ကားပတ်မောင်းကာ စိတ်ကိုဖြေလျှော့နေလိုက်သည် ။ Jen သူမဘဝထဲကိုဝင်လာသည့်အချိန်ကတည်းက ဘယ်ယောင်္ကျားလေးမှ အရောတဝင်မနေခဲ့သလို ရင်းရင်းနှီးနှီးမနေခဲ့ ။

အခုတော့ Chaeng ဘဝမှာ တစ်ခါမှမစဉ်းစားထားဖူးတဲ့ လုပ်ရပ်မျိုးကိုလုပ်ရတော့မည် ။ မ ကရော သူ့ကိုခွင့်လွှတ်ပါ့မလား ?

မ ခွင့်မလွှတ်လည်းမတတ်နိုင်ဘူး ။ Jung Hae Min ကိုမှထောင်မချနိုင်လျှင် သူနှင့်မ အတွက် အသက်အန္တရာယ်စိုးရိမ်ရနိုင်သည် ။ အဲဒီလူယုတ်မာက ကမ်းကုန်အောင်ယုတ်မာသည့် လူစားမျိုး ။

အချိန်တွေ တစ်ရွေ့ရွေ့ကုန်ဆုံးလျက်ရှိသည် ။ ည ၈ နာရီတွင် သူထိုင်နေသည့်ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ Bar သို့ Jung Hae Min ရောက်လာသည် ။ ဘေးနားတွင်လည်း Yuki ပါပါလာသည် ။

ခဏလောက်စောင့်ကာ Chaeng ထို Bar ထဲသို့လိုက်ဝင်သွားလိုက်သည် ။ Jung Hae Min ရှိမည့် VIP ခန်းကို လာဘ်ထိုးကာ မေးလာခဲ့ရသည် ။ ထိုအခန်းကိုလည်း လွယ်လွယ်နှင့် ဝင်ခွင့်မပေး ။ သူ့ရဲ့ Bodyguard တွေကို " Park Chaeyoung လို့ပြောလိုက် " ဟုသွားပြောခိုင်းကာမှ ဝင်ခွင့်ရတော့သည် ။

" တွေ့ရတာ ဝမ်းသာပါတယ် Mr.Jung "

Chaeng က ခပ်ရွဲ့ရွဲ့ပြောတော့ သူကရယ်ကာ

" ဘယ်သူများလဲလို့ မင်းကိုး အဟက် ‌အရင်က‌ထက်တောင် လှလာတာပဲ "

Chaeng တစ်ကိုယ်လုံးကိုသိမ်းကြုံးကြည့်နေတာကို ရွံမုန်းပေမယ့် ဟန်ဆောင်နေလိုက်ရသည် ။ သူ့ဘေးတွင်လည်း အပျော်မယ် လေးယောက်‌က အဆင်သင့် ။ Chaeng ထိုမိန်းကလေး ၄ ယောက်ကို လက်ညှိုးထိုးပြကာ

" သူတို့တွေကို ခဏလောက် ဖယ်ခိုင်းပေးလို့ရမလား ?"

" Why ?"

" I wanna spend the time with u tonight !"

Chaeng ကဒီညသူနှင့်အတူအချိန်ကုန်ဆုံးချင်တယ်လို့ပြောတော့ သူတော်တော်အံ့ဩသွားပုံရသည် ။ ထိုကောင်မလေးတွေကိုလည်း အပြင်ထွက်ခိုင်းလိုက်သည် ။ ထိုအခါမှ Chaeng လည်းသူ့အနားသွားထိုင်ကာ

For Chaeyoung 🖤 CompletedWhere stories live. Discover now