Chapter 35(Unicode)

ابدأ من البداية
                                    

'မဖြစ်နိုင်တာ..ဒေါ်မြကိုပြောပါ..ဆရာ..ဆရာလုပ်လိုက်တာလား...'

'မောင်??မဟုတ်ပါဘူးဗျာ..ကဲပါ..အန်တီမြ အခုလို နှောင်းရိပ်ကို စိတ်ပူပေးလို့ ကျေးဇူးပါ..အခု နှောင်းရိပ် အင်္ကျီလဲရဦးမယ်..သွားတော့မယ်နော်...'

နှောင်းရိပ်လည်း စကားလက်စ မြန်မြန်ဖြတ်ကာ အပေါ်ထပ်သို့တက်ကာ အင်္ကျီ အဖြူလက်ရှည်လေး တထည်ကိုလဲကာ ဘောင်းဘီနဲ့ အဆင်ပြေအောင် ပြန်ပြင်ရင်း အောက်ထပ်ဆင်းလာလိုက်တော့သည်။

နှောင်းရိပ် အောက်ထပ်ဆင်းလာတော့ လူတစ်ယောက်နဲ့ တိုက်မိလေသည်။

ထိုတိုက်မိသော လူရဲ့ ရင်ခွင်ထဲကို နှောင်းရိပ်တိုးဝင်မိသလိုဖြစ်သွားတာပေါ့

'မင်းကန်းနေလား နှောင်းရိပ်...ကျစ်..'

'မောင်..sorryပါ..နှောင်းရိပ်လည်း လောလောလောလောနဲ့ ဆင်းလာလိုက်တာ...'

'မင်းကြည့်လိုက်ရင် အမြဲတမ်း ရှပ်ပျာရှပ်ပျာနဲ့...နေစမ်းပါဦး...အခု အပေါ်ကို ဘာတက်လုပ်တာလဲ...??ဒီလောက်အောက်မှာ ဧည့်သည်တွေများနေတာ..'

'ဟို..နှောင်းရိပ် အင်္ကျီ ငြိပြီး ပြဲသွားလို့ အင်္ကျီ သွားလဲနေတာပါ မောင်ရယ်...'

'အော်...'

'....'

'မင်းငါ့ကို ငေးလို့ပြီးဦးမှာလား...ပြီးတော့ ငါ့ကို ဒီလိုဘဲ တသက်လုံးဖက်ထားမလို့လား...'

'အာ...ဟိ..ဒါနဲ့ တသက်လုံး ဖက်ထားလို့ရလားဟင်..'

'ကျစ်..ဖယ်စမ်းပါ...သွား..ကိုယ့်အလုပ်ကိုယ်သွားလုပ်...'

'ဟုတ်ကဲ့..ဟုတ်ကဲ့..ဟွန့်..'

'မင်းငါ့ကို ရွဲ့နေတာလား...နှောင်းရိပ်..!!'

'ဟိ..ချစ်လို့စတာပါဗျာ...'

'မင်း...!!'

'သား...'

'ဗျာ..အော်..ဖေဖေ..ဘယ်တုန်းကရောက်နေတာလဲဟင်...??သားတောင်မသိလိုက်ဘူး...'

'စောစောကလေးတင်မှပါ..ဒါနဲ့ ဒီကလေးက...'

'ဟိတ်ရောင်..မင်းမေးနေတယ်လေ..ဖေဖေ့ကို နှုတ်ဆက်လိုက်...တကယ်ဘဲ လူ့ကျင့်ဝတ်ကို နားမလည်တာလား...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုحيث تعيش القصص. اكتشف الآن