အပိုင်း - ၂ [ U ]

Magsimula sa umpisa
                                    

တကယ်ကိုပါပဲ၊ သံသယများနေတာက
ငါ တစ်ယောက်တည်း မဟုတ်ဘူးထင်တယ်။
သူတို့အားလုံးမှာ အကြံအစည်တစ်ခုခု
သေချာပေါက်ရှိနေသလိုပဲ။

                                (19)

မြေအောက်ရထားစီးပြီး အလုပ်သွားဖို့အတွက်
ငါ ဆက်ပြီး ခေါင်းမာချင်နေသေးတာ။ ဒါပေမယ့်
သူတို့ဒေါသထွက်လာပြီး ငါ့ကို ကားနဲ့တက်ကြိတ်
မှာကို ငါ တကယ်ကြောက်ပါတယ်။ ဒါကြောင့်
ရွေးချယ်စရာမရှိတော့ဘဲ၊ ငါ့မာနကို မျိုသိပ်ပြီး
သူတို့ကားထဲ ဝင်ထိုင်လိုက်တော့တယ်။

အကယ်၍ သူတို့ ငါ့ကို ပြန်ပေးဆွဲရင်တောင်
သဲထဲရေသွန်ဖြစ်မှာ။ ငါ့အစ်ကိုကြီးက ငါ့ကို
ပိုက်ဆံနဲ့ပြန်ရွေးပေးမှာ မဟုတ်ဘူးလေ။

ဒါပေမယ့် သူတို့ ဒီအကြောင်းမသိမှာကိုတော့
ငါ စိုးရိမ်မိပါတယ်နော်။

ဒါကြောင့် ငါ နောက်ပိုင်းအတွက် တွေးမိပြီး၊
သနားညှာတာပေးဖို့ ငိုယိုရမယ့်ဇာတ်ညွှန်းကို
ကြိုရေးဆွဲထားလိုက်တော့တယ်။

                                (20)

အလုပ်မှာတော့၊ ငါ့စိတ်အခြေအနေက တော်တော်တည်ငြိမ်နေတယ်။ ဒီလိုမျိုး နေ့တိုင်းတည်ငြိမ်
နေမယ်ဆိုရင် တအားအဆင်ပြေမှာ။

ဒါပေမယ့်လည်း ငါ တစ်နေ့လုံး တိတ်တိတ်လေး
နေပြီး လုပ်ဖော်ကိုင်ဖက်တွေကို စကားမပြောဘဲ
ရှောင်ခဲ့တယ်။ သူတို့ ငါ့ကို ကြံစည်မှာ၊အန္တရာယ်
ပေးမှာကို ကာကွယ်ဖို့အတွက်ပေါ့။

                               (21)

အလုပ်ပြီးသွားတော့လည်း ငါ စတင်ကြောက်ရွံ့
လာပြန်ပြီ။

ကုမ္ပဏီရဲ့ဝင်ပေါက်တံခါးကိုဖွင့်ပြီး ငါ ထွက်လာ
ချိန်၊ အဲဒီနေရာမှာ ရွှယ်ယောင်ကျူ့ ရှိနေပြီး
ငါ့ကို ပြုံးပြနေခဲ့တယ်။
.
.
သူ ငါ့ကို သတ်ချင်နေတာများလား၊
မဟုတ်လောက်ပါဘူးနော်?

ဖြစ်နိုင်ခြေ နှစ်ခုပဲရှိတယ်။ ငါ့အစ်ကိုကြီးဆီကနေ
ရွှယ်ယောင်ကျူ့က ပိုက်ဆံယူထားပြီး
ငါ့ကို သတ်ဖို့ကြံစည်တာဖြစ်နိုင်သလို၊
သူက ငါ့အစ်ကိုကြီးကို မုန်းတဲ့အတွက်
ငါ့ကို သတ်ချင်နေတာလည်း ဖြစ်နိုင်သလိုပဲ။

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon